ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် နှုတ် နှင့် ငါ့ထံသို့ချဉ်းကပ် ၍ ၊ နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံး မူကား ငါ နှင့် ဝေး လှ၏။ လူ တို့စီရင် သော ပညတ် တို့ ကို အမှီပြု၍ ငါ့ ကိုကြောက်ရွံ့ ကြ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 7:6
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သို့ရာတွင်၊ သူတို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်၊ အကျွန်ုပ်တို့သည် ဣသရေလ အမျိုးဖြစ်၍ကိုယ်တော် ကို သိ ကြပါ၏ဟု ငါ့ အား ကြွေးကြော် ကြသည်တကား။
လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။
သို့သော်လည်း ဘုရားသခင် ကို ချစ် ခြင်းမေတ္တာသည် သင်တို့၌ မ ရှိ သည်ကို ငါသိ ၏။
¶ ယေရှု ကလည်း၊ ငါ သည်ကိုယ် ဂုဏ် ကိုပြလျှင် ၊ ငါ့ ဂုဏ် သည် အချည်းနှီး ဖြစ် ၏။ ငါ့ ခမည်းတော် သည် ငါ့ ဂုဏ် ကို ထင်ရှားစေတော်မူ၏။ ထို ဘုရားသခင် သည် ငါ တို့၏ဘုရားဟူ၍သင် တို့ခေါ် တော်မူတတ်ကြ၏။
ထိုသို့ အချင်းချင်း သဘော ကွဲပြား၍ သွား ကြ၏။ သွားကြစဉ်တွင် ပေါလု သည် စကား တစ် ခွန်းကို ပြော လိုက် သည်မှာ၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ပရောဖက် ဟေရှာယ အားဖြင့် မိန့် တော်မူချက်ဟူမူကား၊
သူတို့သည် ဘုရားသခင် ကို သိ ယောင်ဆောင် သော်လည်း ။ အကျင့် အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏။ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ နားမထောင် သောသူ၊ ကောင်း သောအမှု တစ်ခုကိုမျှ ပြုတတ်သော ဉာဏ် မရှိသောသူဖြစ် ကြ၏။