TSK

TSK · ရှင်မဿဲခရစ်ဝင်။ 21:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ရေတွက် ၍ စာရင်းဝင် သော သူအပေါင်း တို့သည် အကျပ် တော်အလိုက် ၊ ငွေအကျပ် တဝက် စီ ထာဝရဘုရား အား ဆက်ကပ် ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။

သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ပြစ်မှား မိသော အပြစ်အတွက် အပြစ် ဖြေရာယဇ်ဘို့ တကောင်၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်ကို ထာဝရဘုရား အထံတော်၊

သား ယောက်ျားဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ စင်ကြယ် စေခြင်းနေ့ ရက်ကာလစေ့ သောအခါ ၊ မီး ရှို့ရာယဇ် ဘို့ အခါ မလည်သော သိုးသငယ် တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ချိုး ကလေး တကောင်၊ သို့မဟုတ်ခို တကောင်ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့၊ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။

တတ်နိုင် သမျှအတိုင်း ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်၊ အပြစ် ဖြေရာ ယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို၎င်းယူ၍၊

အဋ္ဌမ နေ့ ၌ လည်း ၊ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရား ရှေ့ တော်၌ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ပေး ရမည်။

သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောအခါ ၊ နာမ တော်ကို တည် စေ ဘို့ရာ ရွေးကောက် တော်မူသော အရပ် သည် ဝေး လွန်း၍ ခရီး ရှည်လျား သဖြင့် ၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မ သွားနိုင် လျှင်၊

ယေရှုသည် ယေရုရှလင် မြို့သို့ ၎င်း၊ ဗိမာန် တော်သို့ ၎င်း ဝင် ၍ အရာရာ တို့ကို ကြည့်ရှု တော်မူပြီးလျှင်မိုဃ်းချုပ် သောကြောင့် တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့်တကွ ဗေသနိ ရွာသို့ ထွက်ကြွ တော်မူ၏။

ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တစ်ခုခုကိုပူဇော် ရမည်ဟု ထာဝရ ဘုရား၏ ပညတ္တိ ကျမ်းလာ ပြန်သည်နှင့်အညီ ယဇ် ပူဇော်ကြ၏။

ဗိမာန် တော်၌ သိုး ၊ နွား ၊ ချိုးငှက် ရောင်း သောသူ တို့ကို ၎င်း၊ ပွဲစား များထိုင် လျက်ရှိသည်ကို ၎င်း တွေ့ တော်မူလျှင်၊