ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
TSK
TSK · ရှင်မဿဲခရစ်ဝင်။ 21:5
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုရှင်ဘုရင်သည် ကိုယ် အဘို့ များစွာ သော မြင်း တို့ကို မ မွေးရ။ မြင်း များပြား စေခြင်းငှာ အဲဂုတ္တု ပြည်သို့ လူ ကို မ ပြန် စေရ။ အကြောင်း မူကား၊ ထို လမ်း သို့ မ ပြန် မသွားရဟု ထာဝရဘုရား အမိန့် တော်ရှိ၏။
ထိုမင်း သည် သား လေးဆယ် ၊ မြေး သုံးဆယ် ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ် သော မြည်း သငယ်တို့ကို စီး ကြ၏။
¶ ရှင်ဘုရင် ကလည်း ၊ သင် တို့အရှင် ၏ ကျွန် များကို ခေါ်၍ ငါ သား ရှောလမုန် ကို ငါ ၏မြင်းလား တော်ပေါ် မှာ စီး စေလျက် ၊ ဂိဟုန် မြို့သို့ ဆောင် သွားကြလော့။
ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။
¶ ငါ့ စိတ် နှလုံးသည် မင်္ဂလာ စကား နှင့်ပွက် ထ လျက်ရှိ၍၊ ငါ စီရင် သောအရာ ကို ရှင်ဘုရင် ရှေ့တော်၌ မြွက်ဆို ပေအံ့။ ငါ့ လျှာ သည်လည်း လိမ္မာ ကျွမ်းကျင်သော စာရေး ၏ကညစ် ဖြစ်ရ၏။
¶ ထာဝရဘုရား က၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင် ရာ ၊ ငါမ ချ ထားမှီတိုင်အောင်၊ ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ ၏သခင် အား မိန့် တော်မူ၏။
အိုဇိအုန် သတို့သမီး၊ ကြွေးကြော် လော့။ဝမ်းမြောက်သဖြင့်အော်ဟစ် လော့။ အကြောင်း မူကား၊ဣသရေလ အမျိုး၏သန့်ရှင်း သောဘုရားသည်သင် ၏အလယ် ၌ ဘုန်းကြီး တော်မူ၏ဟုမြွက် ဆိုရလိမ့်မည်။
မြေကြီး စွန်း တိုင်အောင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ သင့် ကို ကယ်တင် သောသူသည် လာ ၏။ မိမိ ခံထိုက်သော အခ သည် မိမိ ၌ပါ လျက် ၊ ဆုလပ် တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန် သတို့သမီး ကို ပြော ကြလော့။
ငါ ထာဝရဘုရား သည် သူ တို့၏ဘုရားသခင် ဖြစ် မည်။ ငါ ၏ကျွန် ဒါဝိဒ် သည်လည်း သူ တို့၏မင်း ဖြစ်ရ လိမ့်မည်။ ငါ ထာဝရဘုရား ပြော ပြီ။
လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။
ယုဒ အမျိုး ကိုကား ၊ သနား စုံမက်ဦးမည်။ သို့ရာတွင် ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်၊ မြင်း ၊ မြင်း စီးသူရဲ အားဖြင့် မ ကယ်တင် ၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အားဖြင့် ကယ်တင် မည်ဟု မိန့် တော်မူ၏။
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ သင် ၏မြင်း တို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ သင် ၏ ရထား တို့ကိုလည်း ဖျက်ဆီး မည်။
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ အမိန့် တော်ကို ထိုသူ အား ဆင့်ဆို ရမည်မှာ၊ အညွန့် အမည် ရှိသောသူ ကို ကြည့်ရှု လော့။ မိမိ ဒေသ အရပ်၌ ပေါက် ၍ ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် လိမ့်မည်။
ယခု ဘွားမြင် သောယုဒ ရှင်ဘုရင် သည်၊ အဘယ်မှာ ရှိ တော်မူသနည်း။ အရှေ့ ပြည်၌ သူ ၏ကြယ် ကိုငါတို့မြင် ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာရောက်လာ ပြီဟု မေးမြန်းပြောဆို ကြ၏။
ငါ့ ထမ်းဘိုး ကို တင် ၍ ထမ်း ကြလော့။ ငါ့ ထံ၌ နည်းခံ ကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချ သောစိတ် သဘောရှိ ၏။ သင် တို့စိတ် နှလုံးသည် သက်သာ ခြင်းကိုရ လိမ့်မည်။
¶ တပည့်တော်တို့သည်သွား ၍ လမ်း ၌ တံခါး ပြင် မှာ ချည် ထားသောမြည်းကလေး ကို တွေ့ ပြီးလျှင် မြည်းကြိုး ကို ဖြည် ကြ၏။
ထို သူ ကိုထုတ် ပါ။ ထုတ် ပါ။ လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူအများဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့၏ရှင်ဘုရင် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားရမည်လောဟု မေး ပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာ ဘုရင်မှတစ်ပါး အဘယ် ရှင်ဘုရင် မျှမရှိ ဟု ပြန်ပြော ကြ၏။
ရန်တွေ့ လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မ ပြုကြ နှင့်။ သူတစ်ပါး သည် ကိုယ် ထက် သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချ သောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ် ကြလော့။