TSK

TSK · တောလည်ရာကျမ်း 13:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အာဗြံ သည် ခရီး သွားလျက် ၊ ပြောင်း လျက် ၊ တောင် မျက်နှာသို့ ရောက် လေ၏။

စိဒ္ဒိမ် ချိုင့် ၌ ရေညှိ အကျိအချွဲနှင့် ပြည့်သော တွင်း များ ရှိ၏။ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီးတို့သည် ပြေး ၍ ထို တွင်းများ၌ ကျ လေ၏။ ကြွင်း သောသူတို့သည် တောင် သို့ ပြေး ကြ၏။

အာမလက် အမျိုးသားတို့သည် တောင် ဘက် ၌၎င်း၊ ဟိတ္တိ လူ၊ ယေဗုသိ လူ၊ အာမောရိ လူတို့သည် တောင်ရိုး ပေါ်၌ ၎င်း၊ ခါနာနိ လူတို့သည် ပင်လယ် နား ယော်ဒန် မြစ်နား၌၎င်း၊ နေ ကြပါသည်ဟု လျှောက်ဆို ကြ ၏။

ထိုအခါ တောင် ပေါ် မှာရှိ နှင့်သော အာမောရိ အမျိုးသားတို့သည် သင် တို့တဘက် ၌ ထွက် လာလျက်၊ ပျား များအုံ၍ လိုက် သကဲ့သို့ သင် တို့ကိုလိုက် ၍ ၊ စိရ အရပ်၊ ဟောမာ မြို့တိုင်အောင် ဖျက်ဆီး ကြ၏။

ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် တောင် ပေါ်အရပ် ၊ တောင် မျက်နှာအရပ်၊ ချိုင့် ထဲအရပ်၊ စမ်းရေတွင်း အရပ်ရှိသမျှ တို့နှင့်တကွ ၊ မင်းကြီး အပေါင်း တို့ကို လုပ်ကြံ ၍၊ အသက် ရှင်သောသူတယောက်မျှ မ ကျန် ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။

ထိုနောက် တောင် ပေါ်၌၎င်း ၊ တောင် မျက်နှာ၌၎င်း ၊ ချိုင့် ထဲ၌၎င်း နေ သောခါနနိ လူတို့ကို အတိုက် သွား ကြ၏။

ထာဝရဘုရား သည် ယုဒ နှင့်အတူ ရှိ တော်မူ၍ ၊ သူသည် တောင် ပေါ်မှာ နေသောသူတို့ ကို နှင်ထုတ် လေ၏။ ချိုင့် သားတို့ကို မ နှင်ထုတ် နိုင်။ အကြောင်းမူကား ၊ သူ တို့သည် သံ ရထား ရှိကြ၏။