TSK

TSK · တောလည်ရာကျမ်း 15:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း ၍၊ ရသောသံလွင်ဆီ သုံးလောဃ နှင့် ရော သော မုန့်ညက် တဩမဲကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃ ကို ၎င်း၊ သိုးသငယ် နှင့် အတူ ပူဇော်ရမည်။

ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုတင် လျက် ၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ်ပူဇော်သက္ကာ ဖြစ်သတည်း။

မီးဖို ၌ ဖုတ် သော ဘောဇဉ်ပူဇော်သက္ကာ ၊ အိုး ကင်း၊ သံပြား ပူနှင့် လုပ် သော အရာရှိသမျှ ကို ပူဇော် သော ယဇ် ပုရောဟိတ်သည် ယူရမည်။

ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ ကား၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောဆီ နှင့် ရော သော မုန့်ညက် နှစ် ဩမဲဖြစ်ရမည်။ သွန်း လောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည် သုံးလောဃ ဖြစ်ရမည်။

သံလွင်သီးကို ထောင်း ၍ရသောသံလွင်ဆီ သုံး လောဃနှင့် ရော သော မုန့်ညက် တဩမဲကို လည်း ပူဇော်ရမည်။

သံလွင် ပင်က၊ ဘုရား အသရေ ၊ လူ အသရေကို ပြုစုစရာ ငါ့ အဆီ အပြားကို ငါသည် စွန့် ၍ သစ်ပင် တို့ အပေါ် မှာ လွှမ်းမိုးရမည်လောဟု ဆို ၏။

နံနက် တိုင်းအစဉ်၊ ထိုသိုးသငယ် နှင့်အတူ ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ တွင် ခြောက်စုတစု ကို၎င်း ၊ မုန့်ညက် နှင့်ရောရသော ဆီ လေး လောဃ ကို၎င်းပူဇော် ရမည်။ ဤရွှေ့ကား၊ ထာဝရဘုရား အား အစဉ်အမြဲ ပြုရသော ဘောဇဉ် ပူဇော်သက္ကာတရား ပေတည်း ။

တစ်ပါး အမျိုးသားတို့တွင် ယေရှု ခရစ် ၏ အမှုဆောင် ဖြစ် မည်အကြောင်း ၊ ဘုရားသခင် သည် ငါ ၌အပ်ပေး တော်မူသော ကျေးဇူး တော်ကို ငါ အမှီပြု ၍၊ ညီအစ်ကိုတို့၊ သင် တို့ကို သတိပေး လျက်သာ၍ရဲရင့် စွာ ရေး လိုက်ပါ၏။