TSK

TSK · တောလည်ရာကျမ်း 21:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မြင့် သောအရပ်တို့ကိုပယ် ၏။ ရုပ်တု ဆင်းတုတို့ကိုချိုးဖဲ့ ၏။ အာရှရ ပင်တို့ကို ခုတ်လှဲ ၏။ မောရှေ လုပ် သော ကြေးဝါ မြွေ ကို အပိုင်းပိုင်း ဖြတ်၏။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ထို ကာလ တိုင်အောင် ၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထို မြွေကို နဟုတ္တန် အမည်ဖြင့် မှည့် သတည်း

ကျေးဇူး တော်ကိုခံ သောသဘော ၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ် မင်းမျိုး ၊ ယေရုရှလင် မြို့ သားတို့အပေါ် သို့ ငါသွန်းလောင်း သဖြင့် ၊ သူ တို့သည် မိမိတို့ ထိုးဖောက် သော ငါ့ ကို ရှုမြင် ရကြလိမ့်မည်။ တယောက် တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့ ၊ ထိုသူ အတွက် ငိုကြွေး မြည်တမ်းရကြ လိမ့်မည်။ သားဦး အတွက် အဘသည် နာကြဉ်း ရကြ လိမ့်မည်။

ငါ သည်လည်းမြေကြီး နှင့်ခွာ၍ မြှောက် ထားခြင်းကို ခံရလျှင် ။ လူအပေါင်း တို့ကို ငါ့ ထံသို့ ငါဆွဲ မည် ဟု မိန့် တော်မူ၏။

ထိုမှတပါး ၊ ပညတ် တရားသည် တစ်ဖန်ဝင် သဖြင့် ပြစ်မှား သောအပြစ်ပွားများ ၏။ သို့သော်လည်း အပြစ် ပွားများ သည် အရာမှာ ကျေးဇူး တော်သာ၍ ကြွယ်ဝ၏။

အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ် နှင့် ကင်းစင် သောသူ ကို ငါ တို့အတွက် ကြောင့် အပြစ် ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား ၊ ငါ တို့သည်ထိုသူ အားဖြင့်ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ် မည်အကြောင်းတည်း။

မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။