TSK

TSK · တောလည်ရာကျမ်း 9:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ရမည်။ ပဌမ နေ့ရက် ၌ တဆေး ကို အိမ် များမှ ပယ် ရမည်။ ပဌမ နေ့ မှစ၍ ခုနစ် ရက် နေ့တိုင်အောင် ၊ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ ဣသရေလ အမျိုးမှ ပယ်ရှင်း ခြင်းကိုခံရမည်။

အကြင် သူ သည် မိမိရှူ စရာဘို့ ထိုနံ့သာပေါင်း နှင့် တူ အောင်ဘော် ၏။ ထိုသူသည် မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။

ထာဝရဘုရား အား ပူဇော်သက္ကာပြု ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တံခါး သို့ မ ဆောင် ခဲ့လျှင် ၊ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်ဟု သူ တို့အား ဆင့်ဆို ရမည်။

အဘ ၏ ညီအစ်ကို မယားနှင့် သင့် နေလျှင်၊ အဘ ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် မိမိ အပြစ် ကိုခံရ သဖြင့်၊ တသက်လုံးသား မရဘဲ နေရလိမ့်မည်။

သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ မိမိ ဘုရား သခင်ကို ကျိန်ဆဲ သောသူသည် မိမိ အပြစ် ကိုခံရ မည်။

ဣသရေလ အမျိုးသား တို့သည်၊ ချိန်းချက် သော ကာလအချိန်၌ ပသခါ ပွဲကို ခံရ ကြမည်။

ဣသရေလ အမျိုးသားဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ ရဲရင့် စွာပြစ်မှား လျှင် ၊ ထာဝရဘုရား ကို မ ရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထို သူကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။

လူသေကောင် ကိုထိ ၍ ကိုယ်ကိုမ သန့်ရှင်း စေ သောသူသည်၊ ထာဝရဘုရား ၏ တဲ တော်ကို ညစ်ညူး စေ ၏။ ထိုသူ ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။ စင်ကြယ် စေသောရေ ဖြန်း ခြင်းကို မ ခံသောကြောင့် မ စင်ကြယ်ဖြစ်၏။ စင်ကြယ် ခြင်းသို့ မရောက်သေး။

လူအလုံးအရင်းသည် သင် တို့အဓမ္မ အမှု၏ အပြစ်နှင့်အလျောက်စီရင် ၍ ၊ သင်တို့သည် ရုပ်တု များနှင့်ဆိုင်သော အပြစ် ကိုခံရ လျက်၊ ငါ သည် အရှင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ရွေ့လျော့ဖောက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင် ၏သား တော်ကို လက်ဝါးကပ်တိုင် မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချ သောသူဖြစ်သောကြောင့်၊ နောက် တဖန်နောင်တရ အံ့သောငှာ အသစ် ပြုပြင်ခြင်းသို့ မ ရောက်နိုင်ကြ

အကြောင်းမူကား ၊ သမ္မာတရား ကို သိ ပြီးမှ ကိုယ် အလိုသို့လိုက်၍ပြစ်မှား ပြန်လျှင်၊ နောက်တဖန်အပြစ် ဖြေသောယဇ်ကို ပူဇော် ရာအခွင့် မ ရှိ ဘဲ၊