TSK

TSK · သုတ္တံကျမ်း။ 10:17

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ငါ သတိ ပေးခြင်းရှိသမျှ ကို သင်တို့သည်ပယ် ၍ ၊ ငါ ဆုံးမ သော စကားတခွန်းကိုမျှ နာ မ ခံဘဲနေသောကြောင့် ၎င်း၊

¶ ငါ့ သား ၊ ငါ ပေးသောတရား ကို မ မေ့ နှင့်။ ငါ့ ပညတ် တို့ကို သင် ၏နှလုံး စောင့်ရှောက် ပါစေ။

ငါ့ အဘသွန်သင် ၍ မြွက်ဆို လေသည်ကား၊ ငါ့ စကား ကို သင် ၏နှလုံး ၌ သွင်းမိ ၍၊ ငါ့ ပညတ် တို့ကို ကျင့် စောင့်သဖြင့် အသက်ရှင် လော့။

ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။

အကြောင်း မူကား၊ ပညတ် တော်သည် မီးခွက် ဖြစ်၏။ တရား တော်သည် အလင်း ဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒ စကားသည် အသက် လမ်း ဖြစ်၏။

လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။

သင် ၏နား ကိုညွှတ် ၍ ပညာရှိ စကား ကို နားထောင် လော့။ ငါ့ ပညာ အတတ်ကို လည်း စိတ် နှလုံး၌ စွဲလမ်း လော့။

သင် ၏နှုတ် သည် သင် ၏ကိုယ်ခန္ဓါ ၌ အပြစ် မ ရောက်စေနှင့်။ အကျွန်ုပ်မှား ပါပြီဟု၊ တမန်တော် ရှေ့ မှာ ပြော ရသော အကြောင်းမ ရှိစေနှင့်။ ဘုရား သခင်သည် သင် ၏စကား သံကို အမျက် တော်ထွက်၍၊ သင် ပြုစု သောအမှု ကို အဘယ်ကြောင့် ဖျက်ဆီး တော်မူရမည်နည်း။

¶ ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ၍ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။

သင်တို့သည် မိန့် တော်မူသော သူ ၏စကားတော်ကို မ ငြင်း မပယ်မည်အကြောင်း သတိပြု ကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ် တော်ကို ဆင့်ဆိုသောသူ ၏စကားကို ငြင်းပယ် သောသူတို့သည် အပြစ်မ လွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင် ဘုံက မိန့်တော်မူသော သူ ၏စကားကို ငါ တို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ကင်းလွတ်နိုင်မည်နည်း