TSK

TSK · သုတ္တံကျမ်း။ 11:10

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ အပေါင်း တို့သည် ထိုသို့ ပျက်စီး ခြင်းသို့ ရောက်ကြပါစေသော။ ထာဝရ ဘုရားကို ချစ် သောသူတို့သည် အရှိန် တန်ခိုးနှင့် ထွက် သွားသော နေ မင်းကဲ့သို့ ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။

ရှင် ဘုရင်သည် ဗိမာန် တော်ဝင် ဝ၊ တိုင် နား မှာ ရပ် လျက် ၊ မှူး တော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင် အနား တော်၌ ရပ်လျက်၊ ပြည်သူ ပြည်သားများတို့သည် ဝမ်းမြောက် ၍ ၊ တံပိုး မှုတ် လျက် သီချင်း သည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကိုဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါ တကားဟု အော်ဟစ် လေ၏။

မော်ဒကဲ သည်လည်း ၊ မင်း မြောက်တန်ဆာတည်းဟူသောအဝတ်အဖြူ အပြာ ကို ဝတ်ဆင်လျက်၊ ကြီးစွာ သော ရွှေ သရဖူ ကို ဆောင်းလျက်၊ ပိတ် ချောနှင့် မောင်း သော အထည်ဖြင့် ပြီးသောဝတ်လုံ ကို ခြုံလျက်၊ ရှင်ဘုရင် ထံ တော်မှ ထွက်သွား ၍၊

ဖြောင့်မတ် သောသူသည် ထိုသို့သောဒဏ် ပေး ခြင်းကို မြင် ၍ ဝမ်းမြောက် ပါလိမ့်မည်။

မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ ၊ လူ တို့သည် ပုန်းရှောင် ၍ နေရကြ၏။ ပျက်စီး ခြင်းသို့ ရောက်သောအခါ ၊ ဖြောင့်မတ် သောသူတို့ သည် ပွားများ တတ်ကြ၏။

¶ ထိုနောက်မှ ကောင်းကင် ဘုံ၌ စည်းဝေး သော သူအများ တို့၏ အသံ ကြီး ကား၊ ဟာလေလုယ ၊ ငါ တို့ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းချမ်းသာ၊ ဘုန်း အသရေတန်ခိုး တော်ပေတည်း။