ထိုအခါ ယာကုပ် က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲကြပြီတကား။ ခါနနိ လူ၊ ဖေရဇိ လူတည်းဟူသော၊ ဤပြည် သား တို့သည် ငါ့ ကို ရွံရှာ အောင် ပြုကြပြီတကား။ ငါ တို့၌ လူ အရေ အတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး ၍ ငါ့ ကိုတိုက် သတ်သဖြင့် ၊ ငါ နှင့် ငါ့ အိမ်သူ အိမ်သားတို့ကို ဖျက်ဆီး ကြလိမ့်မည်ဟု ၊ ရှိမောင် နှင့် လေဝိ တို့အား ဆို လေသော်၊
TSK
TSK · သုတ္တံကျမ်း။ 11:29
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုသူ ၏အမည် ကား နာဗလ ၊ သူ ၏မယား အမည် ကား အဘိဂဲလ တည်း။ ထိုမိန်းမ သည် ဉာဏ် ကောင်း ၍ အဆင်း လည်းလှ ၏။ ယောက်ျား မူကား ခက်ထန် သော သဘောရှိ၏။ ဆိုး သောအမှု ကိုလည်း ပြုတတ်၏။ ကာလက် အဆွေအမျိုးဖြစ်၏။
ဆယ် ရက် လောက်လွန်မှ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် နာဗလ သေ ၏။
မ တရားသော စီးပွါးကို ရှာ သောသူသည် မိမိ အိမ်သား တို့ကို နှောင့်ရှက် တတ်၏။ တံစိုး ကိုရွံ သောသူမူကား အသက် ချမ်းသာရလိမ့်မည်။
လေ မျိုးစေ့ကို ကြဲ ၍ လေဘွေ စပါး ကိုရိတ် ရကြ လိမ့်မည်။ စပါးပင် မ ရှိရ။ အနှံ ထဲက မုန့်ညက် မ ထွက် ရ။ ထွက် သော်လည်း တကျွန်း တနိုင်ငံသားတို့သည် စား ကြ လိမ့်မည်။