TSK

TSK · သုတ္တံကျမ်း။ 12:15

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ပညာရှိ သောသူသည် နားထောင် သဖြင့် ၊ ပညာ အတတ်တိုးပွါး ရလိမ့်မည်။

ပညာ ရှိသော သူကို ဆုံးမ လျှင် ၊ သူသည် သာ၍ပညာ ရှိလိမ့်မည်။ ဖြောင့်မတ် သောသူကို သွန်သင် လျှင် ၊ သူသည် သိပ္ပံ အတတ်တိုးပွါး လိမ့်မည်။

မာန ကြောင့်သာ ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို နားခံ သောသူမူကား ပညာ ရှိ၏။

ပညာရှိ သောသူသည် ကြောက် ၍ ဒုစရိုက် ကို ရှောင် တတ်၏။ မိုက် သောသူမူကား မာန ကြီး၍ ရဲရင့် တတ်၏။

လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ ပို့သောလမ်း တမျိုးရှိ၏။

လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် နှလုံးတို့ကို ချိန် တော်မူ၏။

ပျင်းရိ သောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ် ယောက်ထက် သာ၍ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။

ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း ၊ မိမိ အညစ် အကြေးမှ မ ဆေးကြော သေးသော လူတမျိုး၊

ယေရမိ က၊ အကျွန်ုပ်လျှောက် လျှင် ၊ အကျွန်ုပ် ကို မ သတ် ဘဲအမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံ ပေးလျှင် ၊ အကျွန်ုပ် စကားကို နားထောင် တော်မူမည် လောဟု ဇေဒကိ ကို မေး လျှောက်လေ၏။

အကြင်သူ သည်ဘာ မျှမဟုတ် ဘဲလျက်၊ ဤမျှလောက်ငါဖြစ် သည်ဟုစိတ်ထင် လျှင် ၊ ထိုသူသည် ကိုယ် ကို လှည့်ဖြား သောသူဖြစ်၏။