¶ ရှင်ဘုရင် က၊ မိန်းမတယောက်က အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သော သူငယ်သည် သင် ၏သား ဖြစ်၏ဟုဆို လျက်၊ တယောက်ကထိုသို့ မ ဟုတ်။ သင် ၏သား သေ ပြီ။ ငါ့ သား အသက် ရှင်သည်ဟု ဆို သည် ဖြစ်၍၊
TSK
TSK · သုတ္တံကျမ်း။ 15:28
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဖြောင့်မတ် သောသူ၏ နှုတ်ခမ်း တို့သည် နှစ်သက် ဘွယ်သော အရာကို သိကျွမ်း တတ်၏။ မ တရား သောသူတို့ မူကား ၊ ဆန့်ကျင် သော စကား ကို ပြောတတ် ကြ၏။
ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် သောအရာကို သွန်းလောင်း တတ်၏။
မိုက် သောသူသည် မိမိ ကြံစည် သမျှ ကို ဘော်ပြ တတ်၏။ ပညာ ရှိသောသူမူကား ၊ အဆင် မသင့်မှီ ထိမ်ဝှက် တတ်၏။
သင် ၏နှုတ် သည် သတိ မ လစ်စေနှင့်။ ဘုရား သခင့်ရှေ့ တော်၌ စကား ပြောခြင်းငှါ ၊ သင် ၏စိတ် နှလုံးမ လျင် မမြန်စေနှင့်။ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ သင် သည် မြေကြီး ပေါ် မှာရှိ၏။ ထိုကြောင့် သင် ၏စကား မ များစေ နှင့်။
ပညာရှိ သောသူ၏စကား သည် လျောက်ပတ် ၏။ မိုက် သောသူ၏ နှုတ် မူကား သူ့ ကိုယ်ကိုမျို တတ်၏။
အကြောင်းမူကား၊ နား မထောင်ဘဲအချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြား တတ်သောသူအများ ရှိကြ၏။ အရေဖျားလှီး ခြင်းကို ခံသောသူ တို့တွင်လည်း အထူးသဖြင့် ရှိကြ၏။
စိတ် နှလုံးထဲ၌ ထာဝရ အရှင်ဘုရားသခင်ကို ရိုသေ ခြင်းရှိကြလော့။ သင် တို့မြော်လင့် ခြင်း၏အကြောင်း ကို မေးမြန်း သောသူရှိသမျှ တို့အား၊ နူးညံ့ သောသဘော၊ ကြောက်ရွံ့ သောသဘောနှင့် ပြန်ပြော ခြင်းငှာ ၊ ကာလအစဉ်မပြတ် အသင့် ရှိနေကြလော့။