TSK

TSK · သုတ္တံကျမ်း။ 16:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ထိုအခါ မိမိလက်ခုပ် နှင့် ရေကို ယူသဖြင့် လျက် ၍ သောက်သောသူ သုံး ရာ ရှိ ၏။ ကြွင်း သောသူ အပေါင်း တို့သည် ရေ သောက် ခြင်းငှါ ဒူး ထောက်၍ ဝပ် ကြ၏။

ရှောလု ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကို ကောင်းကြီး ပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရား အမိန့် တော်အတိုင်း ပြု ပါပြီဟု ဆို ၏။

သူ ၏အပြစ် ကို တွေ့ တော်မမူ၊ ရွံရှာ တော်မမူဟု ကိုယ် မျက်စိ ရှေ့၌ ကိုယ် ကောင်းသော အယောင် ကို ဆောင်တတ်၏။

လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ ပို့သောလမ်း တမျိုးရှိ၏။

လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် နှလုံးတို့ကို ချိန် တော်မူ၏။

ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း ၊ မိမိ အညစ် အကြေးမှ မ ဆေးကြော သေးသော လူတမျိုး၊

သင်သည် ပေါက်ဆပ်ပြာ နှင့် ရေချိုး ၍၊ ချက် သော ဆပ်ပြာ အများကို သုံး သော်လည်း ၊ သင် ၏အပြစ် သည် ငါ့ ရှေ့ မှာထင်ရှား သည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

တေကလ ၏ အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်ကို ချိန်ခွင် နှင့် ချိန် ၍လျော့ ကြောင်းကို တွေ့မြင် တော်မူ ၏။

¶ ကိုယ် ကုသိုလ် ကို အမှီပြု ၍ သူတစ်ပါး ကို မထီမဲ့မြင် ပြု တတ်သောသူ အချို့ တို့အား မိန့် တော်မူသော ဥပမာ ကား ၊

သွာတိရ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ မီး လျှံ ကဲ့သို့သော မျက်စိ နှင့်၊ ကြေးဝါ စစ်နှင့်တူ သောခြေ နှင့် ၎င်း၊ ပြည့်စုံ သော ဘုရားသခင့် သား တော်၏ အမိန့် တော်ကား၊