မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကို သုံး သောသူသည်လည်း ဒဏ်နှင့်မ လွတ် ရ။
TSK
TSK · သုတ္တံကျမ်း။ 19:9
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါသည် အိပ်မက် မြင်ပြီ၊ အိပ်မက် မြင်ပြီဟု၊ ငါ့ နာမ ကို အမှီပြု၍၊ မုသာဖြင့် ဟောပြော သော ပရောဖက် တို့၏ စကား ကို ငါကြား ပြီ။
¶ နဟေလံ ရွာသား ရှေမာယ နှင့် သူ ၏အမျိုး ကို ငါ သည် ဒဏ်ပေး မည်။ ဤ အမျိုးသား တို့တွင် ၊ သူ၏လူ တယောက် မျှ နေ ရသောအခွင့် မ ရှိ ရ။
ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထို အဓမ္မ လူသည် ထင်ရှား လိမ့်မည်။ ထိုအဓမ္မ လူကို သခင် ယေရှု သည် နှုတ်ထွက် ဝိညာဉ် တော်အားဖြင့် ဖျက်ဆီး ၍၊ ကြွလာ တော်မူခြင်း၏ ရောင်ခြည် အားဖြင့် ပယ်ရှား တော်မူလိမ့်မည်။
¶ သို့သော်လည်း ၊ ယုဒလူ တို့တွင် မိစ္ဆာ ပရောဖက် ရှိ ကြ၏။ ထိုနည်းတူ ဖျက်ဆီး တတ်သော မိစ္ဆာ ဒိဋ္ဌိ အယူများကို ပရိယာယ် အားဖြင့်သွင်း၍၊ မိမိ တို့ကို ဝယ် တော်မူသောအရှင် ကိုငြင်းပယ် လျက်၊ မိမိ အပေါ်သို့လျင် စွာသောဖျက်ဆီး ခြင်းကို ရောက် စေသော မိစ္ဆာ ဆရာတို့သည် သင် တို့တွင် ရှိ ကြလိမ့်မည်။
ကြောက် တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ပြုစား တတ်သောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်း တို့မူကား၊ ဒုတိယ သေ ခြင်းတည်းဟူသောကန့် နှင့်လောင် သောမီး အိုင် ထဲ၌ မိမိ တို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့ အား မိန့် တော်မူ၏။