TSK

TSK · သုတ္တံကျမ်း။ 20:25

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

တစုံတယောက် သောသူသည် တရားကိုမသိ၊ ထာဝရဘုရား နှင့်ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှား မိလျှင်၊ ထိုပြစ်မှား ခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသောအပြစ် မပါသော သိုးထီး ကို၎င်း၊ အကျပ် တော်အလိုက် ချင့်တွက် ၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ရမည်။

လူသည် တိရစ္ဆာန် ကို ထာဝရဘုရား အား ပူဇော် လျှင်၊ ပူဇော် သမျှ သည် သန့်ရှင်း ရမည်။

လူ ယောက်ျားသည် ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ၍ ကျိန်ဆို ခြင်းကို ပြုသော်၎င်း၊ မိမိ ပြောသောစကား ကို မ ဖျက် ဘဲ၊ မိမိ နှုတ် ထွက် ရှိသည်အတိုင်း ပြု ရမည်။

သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ် အလိုအလျောက်သစ္စာဂတိထား၍၊ ကိုယ် နှုတ် နှင့် မြွက်ဆို သော စကား ကို တည် စေ၍ ၊ ဂတိ ရှိသည်အတိုင်း ပြု ရမည်။

သူ တို့အဘ နှင့်မောင် တို့သည် ငါ တို့ထံ သို့လာ ၍ အမှု လုပ်သောအခါ ၊ ငါတို့က ငါ တို့မျက်နှာကို ထောက်၍ သူ တို့ကို သနား ကြပါ။ စစ်တိုက် ရာတွင် သူ တို့ အသီးအသီးဆိုင်သော မယား တို့ကို သူတို့ အဘို့ ငါတို့သည် မ ချန် မထားမိပါ။ သင်တို့၌ အပြစ် ရောက်စေခြင်းငှါ ယခုပေးစား ကြသည် မ ဟုတ်ဟု သူ တို့အား ပြန်ပြော မည်ဟု မှာ ထားကြသည်အတိုင်း၊

သင် ၏နှုတ် သည် သတိ မ လစ်စေနှင့်။ ဘုရား သခင့်ရှေ့ တော်၌ စကား ပြောခြင်းငှါ ၊ သင် ၏စိတ် နှလုံးမ လျင် မမြန်စေနှင့်။ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ သင် သည် မြေကြီး ပေါ် မှာရှိ၏။ ထိုကြောင့် သင် ၏စကား မ များစေ နှင့်။

လူ သည် ဘုရား သခင်၏ဥစ္စာတော်ကို လုယူ ရ မည်လော။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူ ပါသနည်းဟု သင်တို့မေး လျှင်၊ ဆယ် ဘို့တဘို့ကို၎င်း ၊ ပူဇော် သက္ကာတို့ ကို၎င်းလုယူကြပြီ။