TSK

TSK · သုတ္တံကျမ်း။ 24:10

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ယခု မူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက် ၏။ အထိ အခိုက်ခံရသောကြောင့် မိန်းမော တွေဝေလျက် နေ၏။

ထိုပြည် ၌ ကြား ရသောသိတင်း ကြောင့် စိတ် မ ပျက် ၊ ကြောက်လန့် ခြင်းမရှိကြနှင့်။ တနှစ် ထက် တနှစ် သိတင်း ကြားရလိမ့်မည်။ မင်းချင်း တယောက်ကို တယောက်လုယူ ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။

¶ ထိုကြောင့် ငါတို့သည် ထိုသို့သော တရား ၏ အမှုကိုဆောင်ရွက် သောသူဖြစ်၍၊ ကရုဏာ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ ၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။

အပြစ် ရှိသောသူတို့လက်တွင်၊ ထိုမျှလောက် ကြီးစွာသော ဆီးတား နှောင့်ရှက်ခြင်းကို ခံ တော်မူသော သခင် ကို ထောက်ရှု ဆင်ခြင်သောအားဖြင့် ၊ အားလျော့ စိတ်ပျက် ခြင်းနှင့် ကင်းလွတ် အံ့သောငှာ ကြိုးစားလော့

သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန် ၏ ရာဇပလ္လင် ရှိရာ အရပ် တည်းဟူသောသင်၏နေရာ အရပ် ကို၎င်း ငါသိ ၏။ စာတန် ၏ နေရာ အရပ် ၌ သင် တို့တွင် အသေ သတ်ခြင်းကိုခံရသော အန္တိပ သည် သစ္စာရှိ ၍ ငါ့ ဘက်၌သက်သေခံ ရသောနေ့ရက် ကာလတွင် ပင်၊ သင်သည်ငါ ၏နာမ ကို စွဲကိုင် ၏။ ငါ ၏ယုံကြည် ခြင်းတရားကို မ စွန့် မပယ်။