TSK

TSK · သုတ္တံကျမ်း။ 26:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မိုက် သောသူသည် မိမိ ပြု သောအမှုကို မှန် သည် ဟု ထင် တတ်၏။ အကြံ ပေးသောစကားကို နားထောင် သော သူမူကား ပညာ ရှိ၏။

မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ် ၊ သူသည် ဝါကြွားသောစိတ် ရှိ လိမ့်မည်။

ငွေ ရတတ်သောသူ က၊ ငါသည်ပညာ ရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ် ကောင်းသော ဆင်းရဲသား မူကား ၊ ထိုသူ ကို စစ်ကြော တတ်၏။

သတိ မရှိဘဲစကား များသော သူရှိ လျှင်၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။

ထိုသားနှစ် ယောက်တို့တွင် အဘယ်သူ သည် အဘ ၏အလို ကိုဆောင် သနည်း ဟု မေးတော်မူလျှင်၊ သား အကြီး ဆောင်ပါသည်ဟု လျှောက် ကြသော်၊ ယေရှု ကလည်း ငါအမှန် ဆို သည်ကား၊ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့သည် သင် တို့အရင် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင်တတ်ကြ၏။

ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။

အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ၌ ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။

သင်ကလည်း၊ ငါသည်ဥစ္စာ ရတတ်၏။ ဘဏ္ဍာ များကိုဆည်းပူးပြီး။ တစ်စုံတစ်ခု ကိုမျှမလို ဟုပြောဆို ၍ ကိုယ်တိုင်ပင်ပန်း ခြင်း၊ သနား ဘွယ်ဖြစ်ခြင်း၊ ဆင်းရဲ ခြင်း၊ မျက်စိ ကန်းခြင်း၊ အဝတ် အချည်းစည်းရှိခြင်း ဖြစ် သည်ကို မ သိ ပါတကား ။