TSK

TSK · သုတ္တံကျမ်း။ 28:8

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ငါ့ လူ ဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေ ကို ချေး လျှင် ၊ အတိုး စားသော သူကဲ့သို့ သူ ၌ မ ပြု ၊ အတိုး ကို မ တောင်း ရ။

ကရုဏာ စိတ်မ ရှိဘဲထို အမှု ကိုပြု သောကြောင့် ၊ ထိုသိုးမ ကလေးအတွက် လေးဆ ပြန်ပေး ရမည်ဟု မိန့် တော်မူ၏။

ထိုအဝတ်တန်ဆာကို ဖြောင့်မတ် သောသူသည် ဝတ်ဆင် လိမ့်မည်။ ထိုငွေ ကို အပြစ်ကင်း သောသူသည် ဝေငှ လိမ့်မည်။

ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူသည် ဖန်ဆင်း တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ ဘုရား ကို ရိုသေ သောသူမူကား ၊ ဆင်းရဲ သောသူတို့ကို သနား တတ်၏။

ရှေ့ တော်၌ ကောင်း သောသူ အား ဉာဏ် ပညာ၊ သိပ္ပံ အတတ်နှင့် ဝမ်းမြောက် ခြင်းအခွင့်ကိုပေး တော်မူ၏။ အပြစ် ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသောအခွင့်ကို၎င်း၊ ဘုရား သခင်၏ရှေ့ တော်၌ ကောင်း သောသူအား ပေး စရာဘို့ ၊ ဆည်ဖူး သိုထား ရသောအခွင့် ကို၎င်း ပေး တော်မူ၏။ ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်၏။

အတိုး စား၍ငွေချေး ခြင်းကိုပြုသောသူဖြစ် လျှင်၊ အသက်ရှင် ရမည်လော။ အသက် မ ရှင်ရ။ ထို ရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေ သတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ ၏။