TSK

TSK · သုတ္တံကျမ်း။ 29:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

လူတို့သည် ငါ့စကားသံကိုကြား သောအခါ ကောင်းကြီး ပေးကြ၏။ ငါ့ကိုမြင် သောအခါ ချီးမွမ်း ကြ၏။

အကြောင်း မူကား၊ ငတ်မွတ် သောသူ အော်ဟစ် သောအခါ ၊ ထိုသူ ကို ၎င်း၊ ကိုးကွယ် ရာမ ရှိ၍ ဆင်းရဲ သောသူကို ၎င်း ချမ်းသာ ပေးတော်မူ လိမ့်မည်။

ကရုဏာ တော်သည် အစဉ် အမြဲတည် ရပါ၏။ သစ္စာ တော်ကို ကောင်းကင် ၌ခိုင်ခံ့ မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။

ကရုဏာ တရားနှင့် သစ္စာ တရားသည် ရှင် ဘုရင်ကို စောင့်မ တတ်၏။ ရာဇ ပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံ တတ်၏။

ဉာဏ် မ ရှိသောမင်း သည် ပြင်း စွာညှဉ်းဆဲ တတ် ၏။ လောဘ ကို မုန်း သောမင်းမူကား၊ အသက်တာ ရှည် လိမ့်မည်။

ကောင်း သောအကျင့်ကို ကျင့်အံ့သောငှါသင် ကြလော့။ တရား သဖြင့် ပြုခြင်းငှါ ရှာကြံ ကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘ မရှိသောသူတို့ အဘို့ တရား သဖြင့် စီရင်ကြလော့။ မုဆိုးမ တို့၏အမှုကို စောင့် ကြလော့။

ဆင်းရဲ သားတို့၏ အမှုကိုတရား တော် အတိုင်း စီရင် ၍ ၊ နှိမ့်ချ သော မြေကြီး သားတို့ဘက် ၌ နေလျက်၊ ဖြောင့်မတ် စွာ ဆုံးဖြတ် လိမ့်မည်။ မြေကြီး ကိုနှုတ်ကပတ် တော်လှံတံ နှင့် ဒဏ်ခတ် ၍ ၊ ဆိုး သောသူကို နှုတ်ခမ်း ထွက်သက် နှင့် ကွပ်မျက် လိမ့်မည်။

သူသည် ဆင်းရဲ ငတ်မွတ် သောသူတို့ အမှု ကို စောင့် ၍ တရား သဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ ကိုသိ သော အကျိုးမ ဟုတ်လော။

ထိုသား သည်ကား၊ ကြီးမြတ် သောသူ ဖြစ် လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့ အဘ ဒါဝိဒ် ၏ ရာဇပလ္လင် ကို ထာဝရ အရှင်သခင် သည် သူ့ အားပေး တော်မူမည်။