TSK

TSK · သုတ္တံကျမ်း။ 3:33

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နား မ ထောင်၊ ယနေ့ ငါ မှာ ထားသော လမ်း မှ လွှဲ ရှောင်၍ ၊ မ သိ ဘူးသော အခြား တပါးသောဘုရား ကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန် ခြင်းကို ငါထား၏။

သင် တို့သည် ကျိန် အပ်သောအရာကို သတိ နှင့် ရှောင်ကြလော့။ သို့မဟုတ်ထိုအရာကို သိမ်းယူ လျှင် မိမိတို့ ကို၎င်း၊ ဣသရေလ တပ် ကို၎င်းအကျိန် ခံစေ၍ ၊ နှောင့်ရှက် မည်ကို စိုးရိမ်စရာရှိ၏။

ထာဝရဘုရား ၏သေတ္တာ တော်သည် သုံး လ ပတ်လုံးဂိတ္တိ လူဩဗဒေဒုံ အိမ် ၌ရှိ ၏။ ထာဝရဘုရား သည်လည်း ၊ ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သားအပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။

ရေ ပေါ် မှာပေါ့ပါး ကြ၏။ မြေ ပေါ် မှာ ကျိန်ဆဲ သောအဘို့ ကို ခံရ၍၊ စပျစ် ဥယျာဉ်အနီးသို့ မ ချဉ်း ရကြ။

အကြောင်း မူကား၊ ထို သူသည် မြစ် နား မှာ စိုက် လျက် မိမိ အချိန် တန်မှ အသီး ကိုသီး၍ ၊ အရွက် မ ညှိုးနွမ်း တတ်သော အပင် နှင့် တူ၏။ ပြု လေသမျှ တို့၌ အောင် လိမ့်သတည်း။

သင် ၌ မကောင်း သော အနိဋ္ဌာရုံ မ ကပ် မရောက်။ သင့် နေရာ သို့ ဘေးဥပဒ် မ ချဉ်း ရ။

မ တရားသောသူ၏အိမ် သည် ပြို လဲတတ်၏။ ဖြောင့်မတ် သောသူ ၏တဲ မူကား ၊ ပွင့်လန်း တတ်၏။

တရား သောသူသည် မ တရားသောသူ၏အိမ် ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မ တရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက် အားဖြင့်ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။

ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို စာစောင်ကို ငါထုတ်ဘော် မည်။ ခိုး တတ်သောသူ ၏အိမ် ထဲ သို့၎င်း ၊ ငါ့ နာမ ကို တိုင်တည် ၍ မ မှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ် ထဲသို့ ၎င်း ဝင် ၍ နေရာ ကျသဖြင့် ၊ သစ်သား များ၊ ကျောက် များနှင့်တကွ ထို အိမ် ကိုစား လိမ့်မည်ဟု မိန့်တော်မူ၏။