TSK

TSK · သုတ္တံကျမ်း။ 30:3

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

သင်သည် ဘုရား သခင်၏ ဇာတိတော်ကို စစ်၍ တွေ့ နိုင်သလော။ အနန္တ တန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင်နားလည် နိုင်သလော။

သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ ၏။ သန့်ရှင်း တော်မူ၏။ မြေကြီး လုံး သည် ဘုန်း တော်နှင့် ပြည့် လေ၏ဟု တပါးကိုတပါး ကြွေးကြော် ၍ မြွက်ဆို ကြ ၏။

လမ်း လွှဲ ကြပါ။ မှန်သောလမ်း ကို ရှောင် ကြပါ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ငါ တို့ရှေ့ မှာ ကွယ် ထားကြပါဟု ပရောဖက် တို့အား ၎င်း ဆို တတ်ကြ၏။

အာမုတ် က၊ ငါ သည် ပရောဖက် မ ဟုတ်၊ ပရောဖက် ၏သား လည်း မ ဟုတ်ဘဲ၊ နွား ကျောင်းသောသူ၊ သဖန်း သီးကို ဆွတ် သောသူဖြစ်စဉ်အခါ၊

¶ ယေရှု ကလည်း ၊ ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။

ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။

ဖိလဒေလဖိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ သန့်ရှင်း သောသူ ၊ ဟုတ်မှန် သောသူ ၊ ဒါဝိဒ် မင်း၏ တံခါးသော့ ကို ကိုင် သော သူ ၊ အဘယ်သူ မျှ မပိတ် နိုင်အောင် ဖွင့် ၍၊ အဘယ်သူ မျှ မဖွင့် နိုင်အောင် ပိတ် သောသူ ၏ အမိန့် တော်ကား။