TSK

TSK · သုတ္တံကျမ်း။ 5:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ဖြောင့်မတ် တော်မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်း အစဉ် ညွှန် ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက် ၍ မ ကုန်နိုင်ပါ။

ဖြောင့်မတ် သောသူ ၏နှုတ်ခမ်း တို့သည် လူအများ ကို ကျွေး တတ်၏။ မိုက် သောသူတို့မူကား ၊ ဉာဏ် မ ရှိသောကြောင့် သေ ကြလိမ့်မည်။

ပညာရှိ သောသူ ၏နှုတ်ခမ်း တို့သည် ပညာ အတတ်ကို စွန့်ကြဲ တတ်၏။ မိုက် သောသူ၏ နှလုံး မူကား ပညာမ ရှိ။

ရွှေ ရှိ ၏။ ပတ္တမြား လည်း ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသော နှုတ် မူကား ၊ အလွန် အဘိုး ထိုက်သော ရတနာ ဖြစ်၏။

ထိုအမျိုးသည် သစ္စာ တရား စကားကို ပြော တတ် ၏။ သူ့ နှုတ် ၌ အပြစ် ကိုရှာ ၍မ တွေ့။ ငြိမ်ဝပ် ခြင်းတရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ငါ နှင့်အတူ သွား လာ၍ ၊ များစွာ သောသူတို့ ကို ဒုစရိုက် အပြစ်မှ လွှဲရှောင် စေတတ် ၏။