TSK

TSK · သုတ္တံကျမ်း။ 6:12

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

မတရား သောသူသည် မိမိ စိတ် အလို ၌ ဝါကြွား တတ်ပါ၏။ လောဘ ကြီးသောသူသည် ထာဝရဘုရား ကို ပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏။

သူ ပြော သောစကား သည် အဓမ္မ စကား၊ လှည့်စား သောစကားဖြစ်၏။ ကောင်း သောအကျင့်ကို ကျင့်စေ တတ်သောပညာ ကို စွန့် လေပြီ။

ထိုသူ တို့သည် စော်ကား သော စကားကို ပြော ၍ ၊ သူ တို့နှုတ်ခမ်း တွင်ထား ပါလျက်အဘယ် သူကြား လိမ့်မည် နည်းဟု ဆိုတတ်ကြပါ၏။

အဓမ္မ အမှု အရာကို မျက်မှောက် မ ပြု ပါ။ လမ်းလွှဲ သောသူ ၏ အမှု ကို ရွံရှာ သည်ဖြစ်၍၊ ငါ ၌ မ မှီ မကပ်ရ။

အကြောင်း မူကား၊ ထာဝရဘုရား သည် သဘော ကောက်သောသူတို့ ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ် သောသူတို့မူကား ၊ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။

ကောက် သောစိတ် သဘောနှင့် ပြည့်စုံ၍၊ မ ကောင်းသော အကြံကို အစဉ် ကြံစည် တတ်၏။ သူတပါးချင်းရန်တွေ့ စေခြင်းငှါပြုတတ်၏။

ဖြောင့်မတ် သောသူတို့ ၏ဖြောင့်မတ် သော သဘောသည် သူ တို့ကိုကယ်တင် တတ်၏။ လွန်ကျူး သောသူတို့ မူကား ၊ မိမိတို့အဓမ္မ ၌ ကျော့မိ တတ်ကြ၏။

ကောက် သောအကြံကို ကြံစည် ခြင်းငှါ မျက်စိ မှိတ် ၍၊ နှုတ်ခမ်း တို့ကို လှုပ် သဖြင့်၊ ဆိုးယုတ် သောအမှုကို ပြီးစီး တတ်၏။

တောင်း တလုံး ၌ကား၊ အဦး မှည့်သော သင်္ဘောသဖန်း သီးကဲ့သို့ အလွန် ကောင်း သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မ စား နိုင်အောင် အလွန် ညံ့ သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။

အချင်းမြွေဆိုး အမျိုး တို့၊ အဆိုး ဖြစ် လျက် ကောင်း သောစကားကို အဘယ်သို့ ပြော နိုင် မည်နည်း။ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွက် တတ်၏။

ထိုမှတစ်ပါး၊ တအိမ် မှတအိမ်သို့လည် ၍ ပျင်းရိ တတ်ကြ၏။ ပျင်းရိ သည်သာမက ၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။

ထိုကြောင့် ၊ ခပ်သိမ်း သောညစ်ညူး ခြင်း၊ မနာလို သောစိတ်လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင် တို့စိတ် ဝိညာဉ်ကို ကယ်တင် နိုင် သော၊ အထဲ ၌ စိုက်ပျိုး သောနှုတ်ကပတ် တရားကို နူးညံ့ သိမ်မွေ့သော စိတ်နှင့် ခံယူ ကြ လော့။