TSK

TSK · သုတ္တံကျမ်း။ 6:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

အိပ်ရာ ပေါ် မှာ မကောင်း သောအမှုကို ကြံစည် တတ်၏။ မ ကောင်း သော လမ်း သို့ အမြဲလိုက် ၍၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာ ခြင်းမ ရှိ။

ဒုစရိုက် ၌ မွေ့လျော် ၍ အဓမ္မ လူ၏ ကောက်လိမ် ခြင်းကို အားရ နှစ်သက်သောသူ၊

အကြောင်း မူကား၊ ထာဝရဘုရား သည် သဘော ကောက်သောသူတို့ ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ဖြောင့်မတ် သောသူတို့မူကား ၊ ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။

မ ကောင်းသော အကြံကိုကြံ တတ်သောသူတို့ သည် မှားယွင်း ကြလိမ့်မည်။ ကျေးဇူး ပြု မည်ဟု ကြံတတ် သောသူတို့မူကား ၊ ကရုဏာ အကျိုး နှင့် သစ္စာ အကျိုးကိုခံရကြလိမ့်မည်။

လမ်း လွှဲသွားသောသူ သည် ကွာဝေး ရာသို့ ရောက်တတ်၏။ စင်ကြယ် သော သူပြုသောအမှု မူကား မှန် ပေ၏။

မ ကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည် သောသူကို၊ ဘေး ပြုသောသူဟူ၍ မှည့် ရ၏။

စေးနှဲ သောသူ သုံးဆောင်ရာ တန်ဆာ သည် လည်း ဆိုး လှ၏။ ဆင်းရဲ ငတ်မွတ်သောသူ၏ အမှု သည် မှန် သော်လည်း ၊ ထိုသို့သောသူ ကို မုသာ စကား အားဖြင့် ဖျက်ဆီး ခြင်းငှါ ၊ မကောင်း သောအကြံကိုသာ ကြံ တတ်၏။

ဗျာဒိတ် တော်အသံကား ၊ အချင်းလူသား ၊ ဤ သူတို့သည် မ ကောင်းသောအကြံကို ကြံစည် ၍ ၊ ဤ မြို့ ၌ မ တရားသော တိုင်ပင် ခြင်းကို ပြု သောသူဖြစ်ကြ၏။

¶ ဒုစရိုက် ကို ပြုခြင်းငှါ အိပ်ရာ ပေါ် မှာ မကောင်း သော အကြံကိုကြံ ၍ ၊ မိုဃ်းလင်း သောအခါ အခွင့်ရသည် အတိုင်း ပြု တတ်သောသူတို့ သည် အ မင်္ဂလာရှိကြ၏။

အလွဲ မ ယူကြနှင့်။ ဘုရားသခင် သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မ မူ။ လူ သည်မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကိုရိတ် ရလိမ့်မည်။