TSK

TSK · သုတ္တံကျမ်း။ 8:15

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

ရှမွေလ သည် ရှောလု ကို မြင် သောအခါ ၊ ထာဝရဘုရား က၊ ငါပြော သော သူ ကို ကြည့် လော့၊ ဤ သူသည် ငါ ၏ လူ တို့ကို အုပ်ချုပ် ရလိမ့်မည်ဟု မိန့် တော်မူ၏။

¶ သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။

¶ ရှောလမုန် မင်း၏စကား ကို ဟိရံ မင်းသည် ကြား လျှင် အလွန် ဝမ်းမြောက် ၍ ၊ ထို လူမျိုး ကြီး ကို အစိုးရသောသား ကို ဒါဝိဒ် အား ပေး တော်မူသော ထာဝရဘုရား သည် ယနေ့ မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို လျက်၊

ထာဝရဘုရား သည် ငါ့ အား များစွာ သော သား တို့ကိုပေး တော်မူသည်ဖြစ်၍ ၊ ငါ့ သား အပေါင်း တို့တွင် သား ရှောလမုန် ကို ရွေးကောက် ၍ ဣသရေလ အမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား ၏ နိုင်ငံ တော်ရာဇ ပလ္လင် ပေါ် မှာထိုင် စေခြင်းငှါ ခန့်ထားတော်မူပြီ။

¶ အိုဘုရား သခင်၊ ကိုယ်တော် ၏ တရား ဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ် စွာ စီရင်ခြင်းအခွင့်ကို မင်း သား ဖြစ်သော ရှင်ဘုရင် အား ပေး သနားတော်မူပါ။

သင် ၏ တရားသူကြီး တို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦး စွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည်။ ထို နောက်မှ၊ သင် ၏နာမကို တရား သောမြို့ ၊ သစ္စာ စောင့်သောမြို့ ဟု သမုတ် ကြလိမ့်မည်။

ငါသည် မဟာ တန်ခိုး နှင့် လက်ရုံး ကို ဆန့် လျက် မြေကြီး ကို၎င်း၊ မြေကြီး ပေါ် မှာ ရှိသော လူ နှင့် တိရစ္ဆာန် တို့ကို၎င်းဖန်ဆင်း သည်ဖြစ်၍၊ ငါသည် ပေးလို သောသူ တို့အား ပေး ၏။

ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။

သင့် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့ နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရား သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့အား ပေး တော်မူသည်ကို မင်းကြီးမသိ မ မှတ်မှီကာလ ၊ ခုနစ် နှစ် ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား လျက်နေရမည်ဟု အသံ ဖြစ်လေ၏။

ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။

¶ အစိုးရသော မင်းအာဏာစက် ၏ အုပ်စိုး ခြင်းကို လူ တိုင်း ဝန်ခံ စေ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ အခွင့် မ ရှိ လျှင် ၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှ သည် ဘုရားသခင် ခန့်ထား တော်မူရာ ဖြစ် သတည်း။

ဘုရင် တို့၏ဘုရင် ၊ သခင် တို့၏သခင် ဟု ဘွဲ့နာမ တော်သည် အဝတ် တော်၌ ၎င်း ၊ ပေါင် တော်၌ ၎င်း ရေး ထားလျက်ရှိ ၏။