TSK

TSK · ရောမဩဝါဒစာ။ 16:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

Back to passage

¶ ထိုနောက်မှပေါလုသည် ဒေရဗေ မြို့နှင့် လုတ္တရ မြို့သို့ ရောက် လေ၏။ လုတ္တရ မြို့၌ တိမောသေ အမည် ရှိသော တပည့် တော်တစ် ယောက်ရှိ ၏။ သူ၏ အမိကား၊ ယုံကြည် သောယုဒ မိန်းမဖြစ်၏။ အဘ ကား၊ ဟေလသ လူဖြစ်၏။

ထိုအခါ ညီအစ်ကို တို့သည် ပေါလု ကို ပင်လယ် လမ်းဖြင့် သွား စေခြင်းငှာချက်ခြင်း လွှတ် လိုက်ကြ၏။ သိလ နှင့် တိမောသေ တို့သည် နေရစ် ကြ၏။

မိမိ အားလုပ်ကျွေး သော သူ နှစ် ယောက်၊ တိမောသေ နှင့် ဧရတ္တု တို့ကို မာကေဒေါနိ ပြည်သို့ စေလွှတ် ပြီးမှ မိမိ သည် အာရှိ ပြည်၌ ခဏ နေ သေး၏။

ငါ နှင့်အတူအကျဉ်း ခံရသောသူ၊ ငါ အမျိုးသား ချင်းအန္ဒြောနိတ် နှင့် ယုနိ ကို နှုတ်ဆက် ကြလော့။ ထိုသူတို့သည် တမန်တော် များတွင် အသရေထင်ရှား သောသူ ဖြစ် ကြ၏။ ငါ့ အရင် တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ် ကြ၏။

¶ ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် ဖြစ်သော ငါ ပေါလုနှင့် ငါ့ညီ တိမောသေ သည်၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ ၊ အခါယ ပြည် အရပ်ရပ် တို့၌ ရှိ သော သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။

¶ ယေရှု ခရစ် ၏ ကျွန် ဖြစ်သောပေါလု နှင့် တိမောသေ သည်၊ ဖိလိပ္ပိ မြို့၌ ရှိ သော သင်းအုပ် တို့နှင့် သင်းထောက် တို့မှစ၍ ယေရှု ခရစ် ၏ သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။

¶ ဘုရားသခင် ၏ အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် ဖြစ်သောငါ ပေါလုနှင့် ငါညီ တိမောသေ သည်၊

¶ ပေါလု ၊ သိလွာနု ၊ တိမောသေ တို့သည်၊ သင်တို့အဘ တည်းဟူသောဘုရားသခင် နှင့် သခင် ယေရှု ခရစ် ၌ တည်ရှိ သောသက်သာလောနိတ် မြို့သားအသင်းတော် ကို ကြား လိုက်ပါ၏။

သို့ဖြစ်၍ ၊ အို ဘုရားသခင် ၏လူ ၊ သင် သည် ထို အပြစ်များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် စွာ ကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက် လော့။