သက်သေခံ နှစ် ယောက် သုံး ယောက်ရှိလျှင် သေ ထိုက်သောသူသည် အသေ ခံရမည်။ သက်သေခံ တယောက် တည်းရှိလျှင် အသေ မ ခံရ။
TSK
TSK · ရောမဩဝါဒစာ။ 6:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဒါဝိဒ် သည် ထိုသူဌေးကိုပြင်းစွာ အမျက် ထွက် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ထိုသို့ ပြု သောသူသည် အမှန် သေ ရမည်။
¶ အို အကျွန်ုပ် ဘုရား သခင်၊ ကိုယ်တော်သို့ မမျှော် မ ကြည့်ဝံ့၊ ရှက်ကြောက် ၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရား သခင်၊ အကျွန်ုပ် တို့ ပြုမိသော ဒုစရိုက် တို့သည် အကျွနုပ်တို့ ခေါင်း ပေါ် မှာ အထပ်ထပ် လွှမ်းမိုး၍ ၊ ကြီးစွာသော အပြစ် သည် မိုဃ်းကောင်းကင် သို့ မှီ ပါ၏။
ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။
ထိုကြောင့် သူတို့သည် ကိုယ် ကျင့် ခြင်း၏ အကျိုး အပြစ်ကို စား ၍ ၊ ကိုယ် ကြံသော အကြံ တို့နှင့် ဝ ကြလိမ့်မည်။
ခိုး သောရေ သည် ချို ၏။ တိတ်ဆိတ် စွာစား သောမုန့် လည်း မြိန် သည်ဟု ဆို တတ်၏။
လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း ၊ အဆုံး ၌ သေ ခြင်းသို့ ပို့သောလမ်း တမျိုးရှိ၏။
မိုဃ်း ခေါင် ၍ နောက် မိုဃ်းတိုင်အောင်မ ရွာ သော်လည်း ၊ သင် သည် ပြည်တန်ဆာ နဖူး ရှိ၍၊ ရှက် ခြင်း သဘောကိုပယ်ရှား ပြီ။
သူတို့သည် ဂျုံ စပါးမျိုးစေ့ကို ကြဲ ၍ ဆူး ပင်ကိုသာ ရိတ် ရကြ၏။ ပင်ပန်းစွာ ကြိုးစား သော်လည်းကျေးဇူး မ ရှိကြ။ ထာဝရဘုရား ၏ အမျက် တော်အရှိန် ကြောင့် ၊ မိမိ တို့ ခံရသောအကျိုး ကိုထောက် ၍ ရှက် ကြလိမ့်မည်။
ပြန်လာသောနောက် ၊ အကျွန်ုပ်သည် အမှန် နောင်တရ ပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင် ကို ရိုက် ပါ၏။ အသက် ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက် ခြင်းကို ခံရသဖြင့် ၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ။
သင် သည် ဝန်ခံခြင်းပဋိညာဉ် ကို မ စောင့်ရ သော်လည်း ၊ ပဋိညာဉ်အားဖြင့်သင် ၏ညီအစ်မ တို့ကို သင် ၏သမီး ဖြစ်ဘို့ ရာငါပေး ၍ ၊ သင် သည် ထိုသူတို့ကို လက်ခံ သောအခါ ၊ သင် ပြု မိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက် ရလိမ့်မည်။
သူတို့သည် ကိုယ်ပြု မိသောအမှုများကြောင့် အမှန်ရှက်ကြောက် လျှင် ၊ အိမ် ပုံသဏ္ဌာန် နှင့် ထွက် ရာ ဝင် ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံ များ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံ တို့ကိုပြ လော့။ သူတို့သည် ထုံးစံ များနှင့် စီရင် ထုံးဖွဲ့ချက်အလုံးစုံ တို့ကို ကျင့် စောင့် စေခြင်းငှါ သူ တို့ရှေ့မှာ ရေးထား လော့။
ထိုကာလအခါ မြေ မှုန့် ၌ အိပ်ပျော် သော သူများ တို့သည် နိုး ကြလိမ့်မည်။ အချို့ တို့ကား၊ ထာဝရ အသက် ရှင်ခြင်းနှင့်၎င်း ၊ အချို့ တို့ကား၊ ရှက် ကြောက်ခြင်း၊ ထာဝရ အသရေ ပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။
ထိုသို့ ကျင့် သောသူ တို့သည် သေ ပြစ်ကိုခံထိုက် သည်ဟု ဘုရားသခင် စီရင် တော်မူကြောင်းကို ထိုသူ တို့ သည် သိ လျက်ပင်ကိုယ်တိုင် ကျင့် သည်သာမက ၊ ထိုသို့ ကျင့် သောသူ တို့၌ အားရ ဝမ်းမြောက်ကြ၏။
ငါတို့သည် ဇာတိ ပကတိ၌ ကျင်လည် သောအခါ ၊ အပြစ် နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ် တရား အားဖြင့် ပေါက်၍ သေ ခြင်းတရား၏အလို နှင့်အညီ တိုးပွား မည်အကြောင်း ၊ ငါ တို့၏ကိုယ်အင်္ဂါ များ၌ ပြုပြင် ကြ၏။
သင် တို့သည် ဇာတိ ပကတိအတိုင်း အသက်ရှင်လျှင် သေ ရကြမည်။ ဝိညာဉ် တော်အားဖြင့်ကိုယ် ကာယ ၏အကျင့် တို့ကို သေ စေလျှင် အသက် ရှင်ကြလိမ့်မည်။
အလွဲ မ ယူကြနှင့်။ ဘုရားသခင် သည် မထီမဲ့မြင် ပြုခြင်းကို ခံတော်မ မူ။ လူ သည်မျိုးစေ့ကြဲ သည်အတိုင်း အသီးအနှံကိုရိတ် ရလိမ့်မည်။
အကြင်မြေသည် ဆူးပင် အမျိုးမျိုးကိုဖြစ် စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန် ခြင်းကို ခံရသော အချိန်နီး သည် ဖြစ်၍၊ နောက်ဆုံး ၌ မီးရှို့ ခြင်းသို့ ရောက်တတ်၏
တပ်မက်သောစိတ် သည် ပဋိသန္ဓေ ယူ၍ဒုစရိုက် သည်လည်း ပြည့်စုံ လျှင်သေ ခြင်းကို ဘွား တတ်၏။
ဘုရားသခင် ၏အိမ်တော်သား တို့ကို ရှေ့ဦးစွာ စစ်ကြော စီရင်ရသော အချိန် ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာစစ်ကြောအချိန်ရှိပြီ။ ငါ တို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင် ၊ ဘုရားသခင် ၏ ဧဝံဂလိ တရားစကားကို နားမထောင် သောသူ တို့၏ အမှုသည် အဘယ်သို့ ပြီး လိမ့်မည်နည်း။
ကောင်းကင် တမန်ကလည်း ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင် ၊ ကိုယ်တော် သည် ဤသို့တရားစီရင်တော်မူသည်အမှု မှာ ဖြောင့်မတ် တော်မူ၏။