ငါသည် အဲဂုတ္တု လူတို့၌ ပြု သော အကြောင်း၊ သင် တို့ကို ရွှေလင်းတ အတောင် ဖြင့် ထမ်း ၍ ကိုယ် ဘို့ သိမ်းယူ သောအကြောင်းကို သင် တို့သည် သိ မြင်ရကြပြီ။
TSK
TSK · ရာဇဝင်ချုပ်ပဌမစောင်။ 17:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသော နေ့ မှစ၍ ၊ သင် တို့မ ဖြစ် မှီ လွန်လေ ပြီးသော ကာလ ပတ်လုံး၊ မိုဃ်း ကောင်းကင်တဘက် မှ တဘက် တိုင်အောင် မေးမြန်းကြလော့။ ဤ မျှလောက်ကြီး သောအမှု ဖြစ် ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြား ဘူးသလော။
သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်းကို ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ရွေးနှုတ် တော်မူကြောင်း ကို၎င်း၊ အောက်မေ့ ရမည်။ ထိုကြောင့် ဤ ပညတ် ကို ယနေ့ ငါ ထား ၏။
ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့် ၊ ထို ပြည် များနှင့်တကွ မင်းကြီး အပေါင်း တို့ကို တခါတည်း အောင် လေ၏။
တဖန် သင်တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ယေရိခေါ မြို့သို့ ရောက် ကြသောအခါ ၊ ယေရိခေါ လူ ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် သင်တို့ကို စစ်တိုက် ၍ သူ တို့ကို သင် တို့လက် ၌ ငါအပ် လေ၏။
တပါး အမျိုးသားတို့ကို လက် တော်ဖြင့် နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေး များကို နေရာ ချတော်မူ၏။ တပါး အမျိုးသားတို့ကို နှိပ်စက် ၍ ဘိုးဘေး များကို ပြန့်ပွါး စေတော်မူ၏။
ကိုယ်တော် စီရင်သောအမှု တို့သည် အလွန်အံ့ဩ ဘွယ် ဖြစ်ကြပါ၏။ တန်ခိုး တော်ကြီး သောကြောင့် ၊ ရန်သူ တို့သည် ကိုယ်တော် ကို တောင်းပန် ကြပါလိမ့်မည်။
-
ပင်လယ် သည် မြင် ၍ ပြေး လေ၏။ ယော်ဒန် မြစ် လည်း နောက် သို့ လှည့် လေ၏။
သို့သော်လည်း၊ သင့် ကို ရှင်းရှင်းမ ပယ် မဖြတ် ခြင်းငှါ ၊ ငါသည် ကိုယ် နာမ အတွက် ကိုယ် အမျက် ကို ချုပ်တည်း မည်။ ကိုယ် ဂုဏ် အသရေအတွက် သင် ၏အမှု၌ ငါသည်းခံ မည်။
မောရှေ ၏လက်ျာ နား မှာ ဘုန်း ကြီးသော လက်ရုံး တော်ကို သွင်း ၍၊ အသရေ တော်ကို အစဉ် ထင်ရှား စေခြင်းငှါ ၊ သူ တို့ရှေ့ မှာ ရေ ကို ခွဲ သဖြင့်၊
သို့ရာတွင် ၊ သူ တို့နေသောတပါးအမျိုးသား တို့ ရှေ့မှာ ၊ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ ၊ ငါသည် နာမ တော်အတွက် စီရင် ၍၊ တပါး အမျိုးသားတို့ရှေ့မှာ ထင်ရှား လျက်၊ သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လေ ၏။