ငါ့ အဘို့ မြေ ယဇ် ပလ္လင်ကို တည် ရမည်။ ထိုပလ္လင် ပေါ် မှာ သင် ၏မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် တည်းဟူသောသင် ၏သိုး နွား တို့ကို ယဇ် ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့ နာမ ကို ကိုးကွယ် ရာ အရပ် ခပ်သိမ်း တို့၌ ၊ သင့် ဆီ သို့ ငါကြွ လာ၍ ကောင်းကြီး ပေးမည်။
TSK
TSK · ရာဇဝင်ချုပ်ပဌမစောင်။ 21:26
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား ထံ တော်မှ မီး ထွက် ၍ ယဇ် ပလ္လင်ပေါ် မှာရှိသော မီး ရှို့ရာယဇ်နှင့်ဆီဥ ကို လောင် လေ၏။ ထိုအကြောင်းအရာကို လူ များတို့သည် မြင် သောအခါ ကြွေးကြော် ၍ ပြပ်ဝပ် ကြ၏။
ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် မိမိ ကိုင် သော တောင်ဝေး ကို ဆန့် ၍ ၊ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကိုတို့ သဖြင့် ၊ ကျောက် ထဲက မီး ထ ၍ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကို လောင် ပြီးမှ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကွယ် လေ၏။
ရှမွေလ အား ၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်အကြောင်း အကျွန်ုပ် တို့အဘို့ အစဉ် မပြတ်ဆုတောင်းပါလော့ဟု ဆို ကြ၏။
¶ ထိုအခါ ထာဝရဘုရား ၏မီး သည် ကျ သဖြင့် ၊ မီး ရှို့ရာယဇ်အစရှိသော ထင်း ၊ ကျောက် ၊ မြေမှုန့် ကို လောင် ၍ ကျုံး ၌ ရှိသော ရေ ကိုလည်း ခန်းခြောက် စေ၏။
¶ ထိုသို့ ရှောလမုန် သည်ပဌနာ ပြု၍ ပြီး သောအခါ ၊ ကောင်းကင် က မီး ကျ ၍ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကို လောင် သဖြင့် ၊ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် ၏။
သူသည် ငါ့ ကိုခေါ် သောအခါ ငါထူး မည်။ ဒုက္ခ ခံရသောအခါ သူ့ ဘက် မှာ ငါ နေ၍ ချမ်းသာ ပေးမည်။ သူ ၏ဘုန်း ကိုလည်း ထင်ရှားစေမည်။
မ တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား ၊ နှစ်သက် တော်မူ၏။
ငါ့ ကို ခေါ် လော့။ ငါထူး မည်။ ကြီး သောအရာ၊ သင်မ သိ နိုင်အောင် နက်နဲ သော အရာတို့ကို ငါပြ မည်။