သင်သည်အနန္တ တန်ခိုးရှင်၌ မွေ့လျော် ၍ ၊ ဘုရား သခင်ကို ဖူးမြော် ရသောအခွင့်ရှိလိမ့်မည်။
TSK
TSK · ရှင်ယောဟန်ဩဝါဒစာပဌမစောင်။ 3:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်သည် ထိုသို့ ပြု သော်၎င်း၊ အကျွန်ုပ် လက် မှာ အဓမ္မ အမှုရှိ သော်၎င်း၊
အကြောင်းမူကား ၊ ကိုယ်စိတ် သည် ကိုယ် ကို အပြစ်မ တင်။ သို့သော်လည်း ၊ ထို အကြောင်းဖြင့် ငါသည် အပြစ် လွတ်သည်မ ဟုတ်။ ငါ့ ကို စီရင် သောသူ ကား ၊ ထာဝရ ဘုရားပေတည်း။
သို့ဖြစ်၍ ၊ အရပ်ရပ် တို့၌ ယောက်ျား တို့သည် အမျက်ထွက် ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ၊ သန့်ရှင်း သောလက် ကိုချီ ၍ ဆုတောင်း စေခြင်းငှာငါအလိုရှိ ၏။
ငါတို့သည် သစ္စာ နှင့် ပြည့်စုံသော သဘော ရှိ၍၊ ဝိစိကိစ္ဆာ နှင့် ကင်းသောယုံကြည် ခြင်း၌ တည်လျက်၊ စိတ်နှလုံး ကို သံဝေဂ တရားနှင့်လွတ်အောင်ဖြန်း ခြင်း၊ ကိုယ် ကာယကိုလည်း ကြည်သာ ရေ ဖြင့် ဆေးကြော ခြင်း ရှိပြီးမှ ၊ အထံတော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့
ထိုသို့ ငါ တို့သည် ချစ် ခြင်းမေတ္တာနှင့် ပြည့်စုံ သောအားဖြင့် ၊ တရား ဆုံးဖြတ်တော်မူသောနေ့ ၌ ရဲရင့် ရသော အခွင့်ရှိ ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ တို့သည် ကိုယ်တော် ၏နည်းတူ ဤ လောက ၌ ဖြစ် ကြ၏။