ထာဝရဘုရား ၏ နာမ တော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံ ကြလော့။ ပူဇော် သက္ကာကို ဆောင် ခဲ့လျက် ရှေ့ တော်သို့ ချဉ်းကပ် ကြလော့။ သန့်ရှင်း သော တန်ဆာ ကိုဆင်၍ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 20:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရ ဘုရား၏ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းစေခြင်းငှါ၊
ထိုသို့မီး ကျ ၍ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်ပေါ် မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသား အပေါင်း တို့သည် မြင် လျှင် ၊ ကျောက် ခင်းအရပ် ၌ မြေ ပေါ် မှာ ဦးချ ပြပ်ဝပ်လျက် ကောင်းမြတ် တော်မူသည်၊ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု ထာဝရဘုရား ကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်း ကြ၏။
ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ၊ ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။
လုပ်ဆောင် သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန် တော်တိုက်မြစ်ကိုချ သောအခါ ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သည်အတိုင်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စေခြင်းငှါ ၊ တံပိုး ကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်း ကိုင်သောလေဝိ အမျိုး၊ အာသပ် သား များတို့ကို ခန့် ထားကြ၏။
သေ ခြင်းကြိုး တို့သည် ငါ့ ကိုဝိုင်း မိ၍ ၊ ဖျက်ဆီး တတ်သော ရေစီး ခြင်းကြောင့် ငါ ကြောက်လန့် ရ၏။
အသရေ တင့်တယ်ခြင်းပြည့်စုံ ရာ ဇိအုန် တောင် ပေါ် မှာ ဘုရား သခင်၏ရောင်ခြည် တော်သည် ထွန်းပ၏။
သန့်ရှင်း သော တန်ဆာ ကို ဆင်၍ ၊ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။ မြေကြီး သား အပေါင်း တို့၊ ရှေ့ တော်၌ ကြောက်ရွံ ခြင်းရှိကြလော့။
¶ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
အကြံ ပေးနိုင်သော ဉာဏ်မ ရှိလျှင် ပြည်သား တို့ သည် ရှုံး တတ်၏။ အကြံ ပေးနိုင်သောသူ အများ ရှိလျှင် မူကား ၊ ဘေး လွတ်တတ်၏။