TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 21:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ သူတို့အချင်းချင်း ဆို ကြသည်ကား၊ အကယ်စင်စစ်ငါ တို့ သည် ညီ ၏အမှု၌ အပြစ် ကြီးကြ၏။ သူ သည် ငါ တို့ကိုတောင်းပန် သောအခါ ၊ သူ့ စိတ် ဆင်းရဲ ခြင်းကို ငါတို့သည် မြင် လျက်နှင့် နား မ ထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါ တို့အပေါ် မှာ ယခု ရောက် လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။

တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သောအခါ ၊ ဤ လူမျိုး သည် ထ ၍ ယခုသွား သော ပြည် ၌နေသောတပါး အမျိုးသားကိုးကွယ်သော ဘုရား တို့နှင့် မှားယွင်း ၍ ငါ့ ကိုစွန့် လျက် ၊ ငါဖွဲ့ ထားသော ပဋိညာဉ် တရားကို ဖျက် လိမ့်မည်။

¶ ရှင်ဘုရင် က၊ အပြစ် မရှိသောသူ ၏အသက်ကို ယွာဘ သတ် သော အပြစ် နှင့် ငါ မှစ၍ ငါ့ အဆွေ အမျိုးကင်းစင် မည်အကြောင်းသူ့စကား အတိုင်း ပြု လော့။ သူ့ ကို လုပ်ကြံ ၍ သင်္ဂြိုဟ် လော့။

¶ ဩမရိ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သဖြင့် ၊ မိမိ ရှေ့ မှာ ဖြစ်ဘူးသော သူအပေါင်း ထက် သာ၍ဆိုးညစ် ၏။

¶ အာရှရ ပင်ကိုလည်းပြုစု ၍ ၊ မိမိ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင် ဘုရင်အပေါင်း တို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ သာ၍ ပြု ၏။

ယဟောရံ သည် ခမည်းတော် နိုင်ငံ ၌ တည် သောအခါ ၊ ကိုယ်ကိုခိုင်ခံ့ စေ၍ ၊ ညီ တော်အပေါင်း တို့ကို၎င်း ၊ ဣသရေလ မှူးတော် မတ်တော်တချို့တို့ကို၎င်း ၊ ထား နှင့် သတ် လေ၏။

ယုဒ တောင် တို့ အပေါ် မှာ၊ မြင့် သောအရပ်တို့ကို တည် လုပ်သဖြင့် ၊ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။

အကြောင်း မူကား၊ ထာဝရဘုရား သည် မြေကြီး သား တို့ကို၊ သူတို့ဒုစရိုက် ကြောင့် အပြစ် ပေးလိုသောငှါ ၊ မိမိ အရပ် ဌာနထဲ က ထွက် တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ ၌ရှိသောအသွေး ကိုဘော် ပြရလိမ့်မည်။ မိမိ ၌ အသေခံ ရသောသူတို့ကို နောက် တဖန် ဝှက် ၍မ ထားရ။

လူအသက်ကိုသတ် သောအပြစ် နှင့် ရွာ ကို တည် သောသူ၊ အဓမ္မ အမှုနှင့် မြို့ ကို ခိုင်ခံ့ စေသော သူသည် အ မင်္ဂလာ ရှိ၏။