ယခု မှာ ကျွန်တော် သခင် ရှင်ဘုရင် ၊ ကိုယ်တော် ကျွန် စကား ကို နားညောင်း တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် ကို ကျွန်တော် တစ်ဘက် ၌ နှိုးဆော် တော်မူသည် မှန်လျှင် ၊ ယဇ် ပူဇော်ခြင်းကို လက်ခံ တော်မူပါစေသော။ သို့မဟုတ် လူ သား တို့သည် နှိုးဆော်သည် မှန်လျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ကျိန် ခြင်းကိုခံ ကြပါစေသော။ အကြောင်း မူကား၊ သူတို့က သွား တော့။ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု တော့ဟု ဆို လျက် ကျွန်တော် ကို ထာဝရဘုရား ၏ အမွေ တော်မြေ၌ မနေစေခြင်းငှါယနေ့ ပင် နှင်ထုတ် ကြပါသည်တကား။
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 21:16
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ သင် သည်ဤသို့ ပြု၍ ငါ ဖွဲ့သော ပဋိညာဉ် နှင့် ငါမှာထား သော တရား ကိုမ စောင့် ဘဲနေသောကြောင့် ၊ နိုင်ငံ တော်ကို သင့် လက်မှ ငါဆက်ဆက်နှုတ် ၍ သင့် ကျွန် အား ပေး မည်။
¶ ရှောလမုန် ၌ ရန်ဘက် ပြုသောသူတခြား၊ ဧလျာဒ သား ရေဇုန် ကို ဘုရားသခင် နှိုးဆော် တော်မူ၏။ ထိုသူသည် မိမိ သခင် ဇောဘ မင်းကြီး ဟာဒဒေဇာ ထံမှ ပြေး ၍၊
¶ အာရပ် လူတို့နှင့် လိုက် လာသောတပ်သား တို့ သည် တပ် ထဲ သို့ဝင်၍၊ ယုဒ ရှင်ဘုရင် ယဟောရံ ၏ သား တော်အကြီး ရှိသမျှ တို့ကိုသတ် သောကြောင့်၊ ယေရုရှလင် မြို့သား တို့သည် သား ထွေး အာခဇိ ကို ခမည်းတော် အရာ ၌ချီးမြှောက် ၍၊
အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။
ထိုအခါ ယုဒ အဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီး များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများနှင့်တကွ ၊ ဘုရား သခင်နှိုးဆော် တော်မူသောသူ အပေါင်း တို့ သည်၊ ယေရုရှလင် မြို့၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ် တော်ကို တည် ဆောက်ခြင်းငှါထ ကြ၏။
ငါ တပါးတည်းသာ ထာဝရဘုရား ဖြစ်၏။ ငါ မှတပါး အခြား သော ဘုရား သခင်မ ရှိ။ သင်သည် ငါ့ ကို မ သိ သော်လည်း ၊ သင် ၏ခါးကို ငါစည်း ၏။
မြို့ ထဲမှာ တံပိုး မှုတ် လျှင် ၊ မြို့သား တို့သည် မ ကြောက် မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင် တော်မ မူဘဲ ဘေး တစုံတခုသည် မြို့ ထဲမှာ ရောက် လိမ့်မည်လော။