¶ ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ရှစ် နှစ် တွင် ၊ အာဟပ် သား ယောရံ သည်ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို စိုးစံ ၏
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 22:5
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အာဟပ် ၏သား ယောရံ နှင့် ဝိုင်း လျက် ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ ၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိ လူတို့သည်ယောရံ ကိုထိခိုက် ကြ၏
ဂိလဒ် ပြည်ရာမုတ်မြို့သို့ ငါ နှင့်အတူ လိုက် မည် လော ဟုမေး လျှင်၊ ယောရှဖတ်က၊ ငါ သည် မင်းကြီး ကဲ့သို့ ၎င်း ၊ ငါ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်းဖြစ်လျက်၊ မင်းကြီး နှင့် ဝိုင်း၍ စစ်တိုက် မည်ဟု ပြန်ပြော ၏။
ဟာနန် သား ပရောဖက် ယေဟု သည်၊ ယောရှဖတ် မင်းကြီး ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား ၍ ၊ မင်းကြီးသည် မ တရားသောသူတို့ကို မစ သင့်သလော။ထာဝရဘုရား ကို မုန်း သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား ၏ အမျက် တော် သည် မင်းကြီး အပေါ် သို့ သက်ရောက်လေပြီ။
အရှင်သားတော် ဗေလရှာဇာ ၊ ကိုယ်တော်သည် ထို အမှုအလုံးစုံ တို့ကို သိ သော်လည်း ၊ စိတ် နှလုံးကို မ နှိမ့်ချ ဘဲ၊