အာခတ် မင်းကြီး သည် ကြေးဝါ ခုံတန်ဆာတို့ကို ပယ် ၍ အင်တုံ ကိုလည်း ရွေ့ ၏။ ကြေးဝါရေ ကန်ကိုလည်း ကြေးဝါ နွား တို့အပေါ် က ချ ၍ ကျောက် ခင်း ပေါ် မှာ တင် ထား၏
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 28:24
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
နန်းစံ ပဌမ နှစ် ၊ ပဌမ လ တွင် ဗိမာန် တော်တံခါး တို့ကို ဖွင့် ၍ ပြုပြင် တော်မူ၏။
ထိုမှတပါး ၊ အာခတ် မင်းကြီး လက်ထက် အဓမ္မ ပြု၍ ပစ် ထားသော တန်ဆာ ရှိသမျှ တို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင် ၍ သန့်ရှင်း စေသဖြင့်၊ ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်ရှေ့ မှာ တင်ထားပါပြီဟု လျှောက်ဆို ကြ ၏။
ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဗာလ ဘုရားတို့အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်တို့ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏။
ကိုယ် အဘို့ သင် လုပ် သော ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ အမှု ရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင် ထ ၍ ကယ် ကြပါလေစေ။ အိုယုဒ ပြည်၊ သင် သည် မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။
ပေါလု သည်အာသင် မြို့၌ သိလ နှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင်၊ ထိုမြို့ သည် ရုပ်တု တို့နှင့် အပြည့်ရှိ သည်ကိုမြင် လျှင် စိတ် ပူပန် ခြင်းသို့ရောက်၏။