ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ပြီးမှ ၊ ခုနစ် ရက်မြောက်သောနေ့ တွင် ၊ ထာဝရဘုရား အဘို့ ပွဲ ခံရကြမည်။
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 30:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
ထိုပွဲ ခံစဉ်၊ ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
လူ များနှင့် တိုင်ပင် ပြီးမှ ၊ ထာဝရ ဘုရား၏ ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်း ကြလော့ဟု တပ်ရှေ့ မှာ ချီ သွား လျက် ၊ သန့်ရှင်း ခြင်းအသရေ ကို ချီးမွမ်း ရသောသီချင်းသည် တို့ကို ထာဝရဘုရား အဘို့ ခန့်ထား တော်မူ၏။
ဟေဇကိ သည် ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ ရာယဇ် ကို ပူဇော် စေခြင်းငှါ ၊ အမိန့် တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုး များနှင့် ဣသရေလ ရှင်ဘုရင် ဒါဝိဒ် စီရင်သော တုရိယာ မျိုးများကို တီးမှုတ်လျက်၊ ထာဝရ ဘုရားအား သီချင်း ကို ဆိုစ ပြုကြ၏။
ထိုသို့ ယေရုရှလင် မြို့၌ ကြီးစွာ သောဝမ်းမြောက် ခြင်းရှိ ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် လက်ထက် မှသည်၊ နောက်တဖန်ယေရုရှလင် မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမ ရှိ။
သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
တံပိုး မှုတ် လျက် ဘုရား သခင်ကို ချီးမွမ်း ကြလော့။ တယော နှင့် စောင်း ကိုတီးလျက် ချီးမွမ်း ကြလော့။
¶ ပသခါ အမည်ရှိ သော အဇုမ ပွဲ ခံခါနီး တွင် ၊
ထိုသူတို့သည်လည်း ဗိမာန် တော်၌ နေ့တိုင်း အစဉ်တစ် ညီတစ်ညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့် ကိုဖဲ့ လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ် နှင့် အစာ အာဟာရကိုသုံးဆောင် ကြ၏။
သခင် ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက် ခြင်း ရှိကြလော့။ တစ်ဖန် ငါဆို သည်ကား ဝမ်းမြောက် ကြလော့။