TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 32:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့် ငါ့ ရှေ့ မှာ ပြု သောပဌနာစကားကို ငါကြား ရပြီ

ဘုရားသခင် သည် ထူးဆန်း သော ဉာဏ် ၊ ကြီးစွာ သော တန်ခိုး နှင့် ပြည့်စုံ တော်မူသည် ဖြစ်၍၊ အဘယ် သူသည် အာဏာ တော်ကို ဆန် ၍အောင် နိုင်သနည်း။

ရဲရင့် သောသူတို့ သည် လုယူ ခြင်း ကို ခံရ၍ အိပ်ပျော် ကြပြီ။ အားကြီး သော သူ တစုံ တယောက်မျှ မိမိ လက် ကို မ တွေ့ ရ။

ကိုယ်တော် တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက် ထွက်တော်မူသောအခါ ၊ ရှေ့ တော်၌ အဘယ် သူရပ် နေနိုင်ပါမည်နည်း။

ထိုအရှင် ၏ ရန်သူ များကို ရှက်ကြောက် ခြင်းနှင့် ငါဖုံးလွှမ်း မည်။ သူ ၏ဦးရစ် သရဖူသည် ဘုန်းပွင့် လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

မာန သည်ပျက်စီး ခြင်းအရင် ၊ ထောင်လွှား သော သဘော သည် ရှုတ်ချ ခြင်း အရင် ၌ နေရာကျတတ်၏။

ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ထိုမင်း ၏ ဆူဝ သောသူတို့၌ ပိန် ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ ၏ ဘုန်း အောက် ၌ လည်း မီး လောင် သကဲ့သို့ လောင်စေခြင်းငှါ ရှို့ တော်မူ မည်။

ငါ ၏ မြေ ပေါ် မှာ အာရှုရိ မင်းကို ငါနှိပ်စက် မည်။ ငါ ၏ တောင် ရိုးပေါ် မှာ ခြေဖြင့် ကျော်နင်း မည်ဟု ငါကြံစည် သည် အတိုင်း ဖြစ် ၍၊ ငါစီရင် ချက်လည်း တည် ရ လိမ့်မည်။ ထိုအခါ သူ ၏ ထမ်းဘိုး ကို သူ တပါးအပေါ် က ရွှေ့ ၍၊ သူ တို့ပခုံး ပေါ် မှာ တင်သောဝန် ကိုချ ရသော အခွင့်ရှိ လိမ့်မည်။

သို့ရာတွင် ၊ သင် ၏ ရန်သူ အလုံး အရင်းသည် အဏုမြူ ကဲ့သို့ ၎င်း ၊ ကြောက်မက် ဘွယ်သောသူ အလုံး အရင်း သည် လွင့် သွားသော ဖွဲ ကဲ့သို့ ၎င်း ဖြစ် ၍၊ အလျင် တဆောချက်ခြင်း အမှုရောက် လိမ့်မည်။

ထာဝရဘုရား သည်လည်း ဘုန်းကြီး သောအသံ တော်ကို လွှတ် တော်မူလိမ့်မည်။ လက်ရုံး တော် သက်ရောက် ခြင်း၊ ပြင်းစွာအမျက် ထွက်ခြင်း၊ မီးလျှံ လောင် ခြင်း၊ မိုဃ်းသီး ပါလျက်၊ မိုဃ်းသက် မုန်တိုင်း များတို့ကို ပြ တော်မူလိမ့်မည်။

သင်သည် ငါ့ သခင် ၏ ကျွန် တို့တွင် အငယ်ဆုံး သော ဗိုလ် ကို အဘယ်သို့ လှန် နိုင်မည်နည်း။ အဲဂုတ္တု ပြည် မှရထား များ၊ မြင်း စီးသူရဲများကိုရမည်ဟု ယုံ ပါသည်တကား။

ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိ တပ် တွင် လူတသိန်း ရှစ် သောင်း ငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင် ဖြစ်ကြ၏။

ငါ တို့၌တဖန်ပြု တော်မူမည်အကြောင်း၊ ငါ တို့အတွက် ထာဝရဘုရား ကိုတောင်းပန် ပါလော့ဟုမိန့် တော်မူသောအခါ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက်လာ ၍၊

အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။

ထို မင်းကြီးသည် ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို မ ထောက်ထား သောကြောင့် ၊ ထိုခဏခြင်း တွင် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဒဏ်ခတ် ၍၊ ကိုယ်တွင်း၌ ပိုး များကိုက်သဖြင့် အနိစ္စ ရောက်လေ၏။