TSK

TSK · ဓမ္မရာဇဝင်စတုတ္ထစောင်။ 25:4

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ရန်သူ ပြည် မှာ ကျန် ကြွင်းသော သင် တို့စိတ် နှလုံးထဲ သို့၊ ထိတ်လန့် သော သဘောကို ငါပေးသွင်း သဖြင့် ၊ သစ်ရွက် လှုပ်သံ ကြောင့် သင်တို့သည် ကြောက်၍၊ ထား ဘေးမှ ပြေး သကဲ့သို့ပြေးကြလိမ့်မည်။ အဘယ်သူမျှ မ လိုက် သော်လည်းလဲ ကြလိမ့်မည်။

သူတို့သည် မွတ်သိပ် ခြင်းအရှိန်ကို ခံ ရ၍ ၊ ပူလောင် ခြင်းဘေး၊ ပြင်းစွာ သောဖျက်ဆီး ခြင်းဘေး အားဖြင့် ဆုံးရှုံး ကြလိမ့်မည်။ သားရဲ တို့၏ သွား ကို၎င်း ၊ မြေ ၌ ကျင်လည်သော မြွေ အဆိပ် ကို ၎င်း၊ သူ တို့၌ ငါစေလွှတ် မည်။

ခါလဒဲ စစ်သူရဲ တို့သည် ရှင် ဘုရင်ကို လိုက် ၍ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ၊ ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏

သင် ၏ မင်း အပေါင်း တို့သည် အတူ ပြေး ကြ၏။ လေး သမားတို့ လက်၌ ချည်နှောင် လျက်ရှိကြ၏။ တွေ့ သမျှ သောသင် ၏ လူတို့သည် အဝေး သို့ ပြေး သော်လည်း၊ အတူ ချည်နှောင် လျက်ရှိကြ၏။

နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာ ပရိကံ များကဲ့သို့ ၊ သင် ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ သူ တို့ မျက်မှောက် တွင် ထုတ် ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့ ၊ ည အချိန်၌ သူ တို့မျက်မှောက် တွင် ထွက်သွား ရမည်။

သိမ်း သွားရာ သက္ကရာဇ် တဆယ် နှစ် ခု၊ ဒသမ လ ငါး ရက်နေ့တွင် ၊ ယေရုရှလင် မြို့မှ ပြေး ၍လွတ်သော သူတယောက်သည် ငါ့ ထံသို့ ရောက်လာ ၍၊ မြို့ ကိုလုပ်ကြံ ပြီ ဟု သိတင်း ကြားပြော၏။