TSK

TSK · တမန်တော်ဝတ္ထု။ 13:20

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် သို့ သက်ရောက် သဖြင့်၊ သူသည်ဣသရေလ အမျိုးကို အုပ်စိုး ၍ စစ်ချီ လေ၏။ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ကို သူ့ လက် ၌ ထာဝရဘုရား အပ် တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင် ကို အောင် လေ၏။

သူသည် ထာဝရဘုရား ၏ ပရောဖက် စစ် ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် သိ ကြ၏။

ငါ ၏လူ ဣသရေလ အမျိုးတွင် တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း ၊ ညှဉ်းဆဲ သကဲ့သို့ နောက် တဖန်မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးပြီ။ သင် ၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။

ဣသရေလ အမျိုးအပေါင်း နှင့် ငါလှည့်လည် ရာအရပ် တို့၌ ငါ ၏လူမျိုး ကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား ၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။