TSK

TSK · တမန်တော်ဝတ္ထု။ 13:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ သင် တို့တွင် ပရောဖက် ပြုသောသူ၊ အိပ်မက် ကို မြင် သောသူသည် ပေါ် လာ၍၊

¶ ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။

တိုးတိုး ပြော၍ မန္တန်သရဇ္ဈာယ် တတ်သော နတ် ဝင်နှင့် စုန်း တို့၌ ဆည်းကပ် ကြလော့ဟု သင်တို့အား ဆို လျှင်မူကား၊ လူ တို့သည် မိမိ တို့ဘုရား သခင်၌ မ ဆည်းကပ်အပ်သလော။ အသက်ရှင် သောသူ ၏ အမှုမှာ အသက်သေ သောသူ၌ ဆည်းကပ် အပ်သလော။

ငြိမ်သက် ခြင်းမ ရှိသော်လည်း ၊ ငြိမ်သက် ခြင်း ရှိသည်ဟု သင်တို့ဆို လျက် ၊ ငါ ၏လူ တို့ကို လှည့်စား သောကြောင့် ၎င်း ၊ တယောက်ကား အုတ်ရိုး ကိုတည် လျက် ၊ တယောက်ကားအင်္ဂတေ နှင့်မွမ်းမံ လျက်ပြုသောကြောင့်၎င်း ၊

အတွင်း ၌ကြမ်းတမ်း သော တောခွေး ဖြစ် လျက် သိုး ရေ ကိုခြုံ၍ သင် တို့ရှိရာ သို့လာ သော မိစ္ဆာ ပရောဖက် တို့ကို သတိ နှင့် ရှောင်ကြလော့။

အကြောင်းမူကား ၊ ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍ ရွေးချယ် သောသူ တို့ကိုပင် လှည့်ဖြားနိုင် လျှင် လှည့်ဖြား လောက်အောင် ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ကြလိမ့်မည်။

¶ နံနက်စာကို စား ကြသည်နောက် ၊ ယေရှု က၊ ယောန ၏သား ရှိမုန် ၊ ဤ သူတို့သည် ငါ့ ကို ချစ်သည်ထက် သင်သည်သာ၍ချစ် သလော ဟု ရှိမုန် ပေတရု အားမေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ငါ ၏သိုးသူငယ် တို့ကို ကျွေးမွေး လော့ ဟု မိန့် တော်မူ၏။

ယုံကြည် သောသူ အများ တို့သည်လည်း လာ ၍ မိမိ တို့အကျင့် ကို ဖေါ်ပြ လျက် တောင်းပန် ကြ၏။

ယန္နေ နှင့် ယံဗြေ သည် မောရှေ ကိုတားဆီး သကဲ့သို့၊ ထိုသူ တို့သည် သမ္မာတရား ကိုတားဆီး ကြ၏။ စိတ် နှလုံးယိုယွင်း ၍ ယုံကြည် ယောင်ဆောင် သောသူ ဖြစ်ကြ၏။

¶ ချစ်သူ တို့၊ ခပ်သိမ်း သောစိတ် ဝိညာဉ်တို့ကို မ ယုံ ကြနှင့်။ စိတ် ဝိညာဉ်တို့သည် ဘုရားသခင် နှင့် စပ်ဆိုင် သည် မစပ်ဆိုင်သည်ကိုစုံစမ်း ကြလော့။ အကြောင်းမူကား ၊ မိစ္ဆာ ပရောဖက်အများ တို့သည် ဤလောက သို့ သွား ကြပြီ။