TSK

TSK · တမန်တော်ဝတ္ထု။ 2:33

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ငါ ၏သစ္စာ နှင့် ကရုဏာ သည် သူ့ ဘက် မှာနေ၍ ၊ ငါ ၏နာမ အားဖြင့် သူ ၏ ဦးချို သည် ချီးမြှောက် လျက် ရှိလိမ့်မည်။

တိုက်ကို တည်လုပ် သော သူများပယ် ထားသော ကျောက် သည် နောက်တဖန် တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။

ထိုသို့ မိမိ အသက် ကို သေ ခြင်း၌ သွန်း ၍၊ မတရား သောသူတို့ နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့် ၊ လူများ တို့၏အပြစ် ကို ဆောင်ရွက် ၍ ၊ မတရား သောသူတို့ အဘို့ တောင်းပန် သောကြောင့် ၊ လူကြီး တို့ကို သူ ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲ မည်။ အစွမ်းသတ္တိရှိသောသူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။

ထိုသို့ သခင် ဘုရားသည် တပည့် တော်တို့အား မိန့် တော်မူပြီးမှ ၊ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံတော်မူ၍ ၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ထိုင် နေတော်မူ၏။

ငါ့ ကိုယုံကြည် သောသူ သည် ကျမ်းစာ လာ သည်အတိုင်း အသက် ရေ ထွက် ရာစမ်း ရေတွင်း ဖြစ်လိမ့်မည် ဟု မိန့် တော်မူ၏။

ခမည်းတော် သည် ငါ့ အတွက်ကြောင့် စေလွှတ် တော်မူသောဥပဇ္ဈာယ် ဆရာတည်းဟူသောသန့်ရှင်း သော ဝိညာဉ် တော်သည် သင် တို့အား ခပ်သိမ်း သောအရာတို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါ ပြော ခဲ့သမျှ သော စကားတို့ကို မှတ်မိ သောဥာဏ်ကို သင် တို့အား ပေးတော်မူ၏။

ငါ အမှန်အကန် ဆို သည်ကား၊ ငါ သွား လျှင် သင် တို့အကျိုး ရှိလိမ့်မည်။ အကြောင်းမူကား ၊ ငါမ သွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင် တို့ဆီသို့ မ လာ ။ ငါသွား လျှင် ထိုသူ ကို သင် တို့ဆီသို့ ငါစေလွှတ် မည်။

ထိုတမန်တော် တို့ကို စုဝေး စေတော်မူပြီးလျှင် ၊ ယေရုရှလင် မြို့မှ မ ထွက် မသွားဘဲ ခမည်းတော် ၏ ဂတိ ကိုငံ့ နေမည်အကြောင်း မှာ တော်မူ၍၊ ထိုဂတိတော်ကို ငါ ဟောပြောသဖြင့် သင်တို့သည်ကြားသိ ရကြပြီ။

ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။

တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။

အကြောင်းမူကား ၊ အာဗြဟံ ခံရသော ကောင်းကြီး မင်္ဂလာသည်ယေရှု ခရစ် အားဖြင့် တပါး အမျိုးသားတို့၌ သက်ရောက် သည်ဖြစ်၍ ၊ ငါတို့သည် ဂတိ တော်နှင့် ယှဉ်သော ဝိညာဉ် တော်ကိုယုံကြည် ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း။

ထိုသို့ နှင့်အညီကျမ်းစာ၌လာသည်ကား၊ မြင့် သောအရပ်သို့ တက်ကြွ တော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်း သွားတော်မူ၍၊ လူ တို့အား ဆုလာဒ် များကို ပေး တော်မူသည်ဟုလာ သတည်း။

ငါ တို့ကို ကယ်တင် သော အရှင်ယေရှု ခရစ် အားဖြင့် ငါ တို့အပေါ်သို့ ထို ဝိညာဉ်တော်ကို ကြွယ်ဝ စွာသွန်းလောင်း တော်မူ၏။

ထိုသခင် မူကား ၊ အပြစ် ကိုဖြေခြင်းငှာ ယဇ် တစ်ခု တည်းကို ပူဇော် ပြီးမှစ၍၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ အစဉ်အမြဲ ထိုင် ၍

ထိုသခင် သည် ကောင်းကင် ဘုံသို့ ကြွ တော်မူသည်ဖြစ်၍၊ ကောင်းကင်တမန် အစ ရှိသော အာဏာစက် တန်ခိုး များတို့ကို အုပ်စိုး လျက်၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ရှိ တော်မူ၏။