TSK

TSK · တမန်တော်ဝတ္ထု။ 2:40

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မောရှေ ကလည်း ၊ ဤ အမှု အလုံးစုံ တို့ကို ငါသည် အလိုလို မ ပြု၊ ထာဝရဘုရား စေခိုင်း တော်မူ၍ ငါပြု သည် အကြောင်း ကို သင်တို့သည် အဘယ်သို့သိ ရမည်နည်းဟူမူကား၊

မိုက် သောသူကို ရှောင် ၍ အသက် ချမ်းသာရ လော့။ ပညာ လမ်း သို့ လိုက် လော့ဟုဆိုသတည်း။

အချင်းမြွေဆိုး အမျိုး တို့၊ အဆိုး ဖြစ် လျက် ကောင်း သောစကားကို အဘယ်သို့ ပြော နိုင် မည်နည်း။ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွက် တတ်၏။

ယေရှု က၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ယူခဲ့ ကြ ဟု မိန့် တော်မူ၏။

“မျောက်မထား သော ဤ လူမျိုး ဆိုး တွင် အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏။ လူ သား သည် မိမိ အဘခမည်းတော် ၏ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်း သော ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ သောအခါ ထိုသူ ကို ရှက် တော်မူလတံ့။

သူ ၏သက်သေခံ ချက်မှန် သည်ကို ငါတို့သိ ကြ၏။ ယေရှု ပြု တော်မူသော အခြား အမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေး ထားလျှင် ၊ မြေကြီး မ ဆံ့ နိုင်အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ် ခြင်းရှိ၏။

ယုဒ နှင့် သိလ တို့သည် ပရောဖက် ဖြစ် သောကြောင့် များစွာ သောစကား နှင့် ညီအစ်ကို တို့ကို ဆုံးမ ၍ မြဲမြံ ခိုင်ခံ့စေကြ၏။

ဥတုခု အမည် ရှိသော လုလင် တစ် ယောက်သည် ပြတင်းပေါက် နားမှာ ထိုင် ၍ အိပ်ပျော် ကျူးလွန် လျက် နေ၏။ ပေါလု သည် ကြာမြင့် စွာ ဟောပြော သည်တွင်၊ ထိုသူသည် အိပ်ပျော် လျက် အိမ် သုံးဆင့်အထက်မှ အောက် သို့လျော့ ကျ၍ သေ သည်ကို သူတို့သည်ချီကြွ ကြ၏။

ဘုရားသခင့် ရှေ့ တော်၌ နောင်တရ ခြင်းတရားကို၎င်း၊ ငါ တို့သခင် ယေရှု ခရစ်ကို ယုံကြည် ခြင်းတရားကို၎င်း ၊ယုဒ လူ၊ ဟေလသ လူတို့အား သက်သေခံ သည် အကြောင်းအရာကို သင်တို့ သိကြ၏။

နေ့ရက် ကိုချိန်းချက် ၍ လူများ တို့သည်ပေါလု တည်းခို ရာ အရပ်သို့ လာ ကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင် နိုင်ငံ တော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူ တို့သည် ယေရှု ၏အကြောင်း များကို ယုံကြည်စေခြင်းငှာ၊ မောရှေ ၏ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက် အချိန်မှစ၍ ည အချိန်တိုင်အောင် ထုတ်ဖေါ် ဟောပြောလေ၏။

ထိုကြောင့် ၊ ထာဝရ ဘုရားမိန့် တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူ တို့အထဲ မှ ထွက် ၍ အသီးအခြား နေကြလော့။ မ စင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ ကြနှင့်။ ထိုသို့ပြုလျှင်သင် တို့ကိုငါ သည် လက်ခံ မည်။

ထိုကြောင့် ကြွင်းသောတစ်ပါး အမျိုးသားတို့သည် လျှပ်ပေါ် သောစိတ် နှင့် ကျင့် သည်နည်းတူ ၊ သင် တို့သည် နောက်တစ်ဖန် မကျင့် မည်အကြောင်း သခင် ဘုရားအခွင့် နှင့် ငါမှာ လိုက်၏။

ဘ သည် မိမိ သား တို့ကို ပြုသကဲ့သို့ ငါတို့သည် သင် တို့ရှိသမျှ ကို အဘယ်သို့ တိုက်တွန်း သွေးဆောင်၍ မှာထားသည်ကို သင်တို့သိ ကြသည်နှင့်အညီ ၊ ယုံကြည် ခြင်းသို့ရောက်သော သင် တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်း ဖြောင့်မတ် လျက် ၊ အပြစ်တင် ခွင့်နှင့် ကင်းလွတ်လျက် နေ ကြသည်ကို သင် တို့သည် သက်သေ ဖြစ်ကြ၏။

ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့

ငါသည်သင်တို့ကို တိုက်တွန်းသွေးဆောင် လျက်၊ သင်တို့မှီဝဲ ဆည်းကပ်သောဤ အရာများသည် ဘုရားသခင် ၏ကျေးဇူး တော်အမှန် ဖြစ် သည်ဟု သက်သေခံ လျက် ၊ ဤစာကို အကျဉ်း အားဖြင့် ရေး ပြီးမှ၊ ငါစိတ်ထင် သည်အတိုင်း သင် တို့အမှု၌ သစ္စာရှိ သောညီအစ်ကို သိလွာနု လက်ဖြင့် ယခုပေးလိုက်၏။

အကြောင်းမူကား ၊ လူမျိုး အပေါင်း တို့သည် သူ ၏ မတရား သော မေထုန်၏ အဆိပ် အတောက်တည်းဟူသောစပျစ်ရည် ကိုသောက် ကြပြီ။ လောကီ ရှင်ဘုရင် တို့သည် မတရား သော မေထုန်ကို သူ နှင့် ပြုကြပြီ။ လောကီ ကုန်သည် တို့သည် သူ ၏ ကာမဂုဏ် စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာ ရတတ်ကြပြီဟု ပြောဆို ၏။