TSK

TSK · တမန်တော်ဝတ္ထု။ 21:39

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သခင် ဘုရားကလည်း ၊ သင်သည်ထ ၍ လမ်း ဖြောင့် အမည် ရှိသော လမ်း သို့ သွား လော့။ ရှောလု အမည် ရှိသောတာရှု မြို့သားကို ယုဒ ၏ အိမ် ၌ ရှာဖွေ လော့။ အကြောင်းမူကား ၊ ထိုသူသည် ဆုတောင်း လျက်နေ၏။

သူ တို့လက် ဖြင့် ပေး လိုက်သော စာဟူမူကား၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကို များတို့သည်၊ အန္တိအုတ် မြို့မှစ၍ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါး အမျိုးသားဖြစ်သော ညီအစ်ကို တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။

ပေါလု က၊ ရောမ လူ ဖြစ် သော ငါ တို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင် ထဲမှာ လှောင် ထားပြီးမှ၊ တိတ်ဆိတ် စွာနှင်ထုတ် ကြမည်လော။ ထိုသို့မ ပြု သင့်။ ကိုယ်တိုင် လာ ၍ ငါ တို့ကို နှုတ်ယူ ကြစေဟု ရုံးလုလင် တို့ အားပြောဆို ၏။

ပေါလုကလည်း၊ အကျွန်ုပ် သည် ကိလိကိ ပြည်တာရှု မြို့၌ မွေးဘွား သော ယုဒ လူ ဖြစ် ပါ၏။ ဤ မြို့ မှာ လည်း၊ ဂေါမလျေလ အမည် ရှိသော ဆရာ၏ ခြေ ရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက် ကျင့်သော တရား ကို သေချာ စွာသိနားလည်ခြင်းငှာ နည်း ဥပဒေသကိုခံပါပြီ။ သင် တို့ ရှိ သမျှ သည်ယနေ့ တိုင်အောင်ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီး သဖြင့်၊

ယုဒ လူတို့သည် ဤ သူ ကိုဘမ်းဆီး ၍ သတ် မည်ပြုကြစဉ်၊ သူသည်ရောမ လူဖြစ် ကြောင်းကို အကျွန်ုပ်သည် ကြားသိ သဖြင့်၊ စစ်သူရဲ တို့နှင့်တကွ သွား ၍သူ့ကို နှုတ် ပါ သည်။

စိတ် နှလုံးထဲ၌ ထာဝရ အရှင်ဘုရားသခင်ကို ရိုသေ ခြင်းရှိကြလော့။ သင် တို့မြော်လင့် ခြင်း၏အကြောင်း ကို မေးမြန်း သောသူရှိသမျှ တို့အား၊ နူးညံ့ သောသဘော၊ ကြောက်ရွံ့ သောသဘောနှင့် ပြန်ပြော ခြင်းငှာ ၊ ကာလအစဉ်မပြတ် အသင့် ရှိနေကြလော့။