TSK

TSK · တမန်တော်ဝတ္ထု။ 21:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အာရုန် ၏ အစ်မ ဖြစ်သော ပရောဖက်မ မိရိအံ သည် ပတ်သာ ကို ကိုင် ၍ ၊ မိန်းမ အပေါင်း တို့သည် ပတ်သာ တီးလျက် က လျက် လိုက် သွားကြ၏။

ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား ၊ အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် ပြင်မြို့၌ နေ သည်ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ ၊ အဟိကံ ၊ အာခဗော် ၊ ရှာဖန် ၊ အသဟိ တို့ သည်ထိုမိန်းမ ထံသို့ သွား ၍ ပြော ဆိုကြ၏

ထိုနောက်မှ လူမျိုး တကာ တို့ အပေါ် သို့ ငါ ၏ ဝိညာဉ် တော်ကို ငါသွန်းလောင်း မည်။ သင် တို့၏ သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီး သောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက် ရကြလိမ့်မည်။ အသက် ငယ်သောသူတို့ သည်လည်း ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။

ဟောဘူးအချက်ကား၊ နောင် ကာလ ၌ လူမျိုး တကာ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကိုငါသွန်းလောင်း မည်။ သင် တို့၏သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက် ငယ်သောသူ တို့သည် ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ အသက်ကြီး သောသူ တို့သည်လည်း နိမိတ်အိပ်မက် တို့ကိုမြင်မက် ရ ကြလိမ့်မည်။

ခင်ပွန်း မရှိသောသူ တို့၏ အမှု မှာ၊ သခင် ဘုရား၏ပညတ် တော်သည် ငါ ၌မ ရှိသော်လည်း ၊ ငါသည် သစ္စာ ရှိ သောသူဖြစ်အံ့သောငှာ၊ သခင် ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင် ၏။

ယောက်ျား မည်သည်ကား ၊ မိမိ ခေါင်း ကို ဖုံး လျက် ဆုတောင်း သော်၎င်း၊ ပရောဖက် ပြုသော်၎င်း၊ မိမိခေါင်း အသရေ ကို ရှုတ်ချ၏။