နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 1:17
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရားကလည်း၊ ငါ့ စကား ကို နားထောင် ကြလော့။ သင် တို့တွင် ပရောဖက် ရှိ လျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံ အားဖြင့် ကိုယ်ကိုပြ မည်။ သို့မဟုတ်အိပ်မက် အားဖြင့် ဗျာဒိတ် ပေးမည်။
¶ ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။
အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။
ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံကို နားလည် သော ဇာခရိ လက်ထက် ၌ ၊ ဩဇိမင်းသည် ဘုရားသခင် ကို ဆည်းကပ် ၏။ ထာဝရဘုရား ကို ဆည်းကပ် သော ကာလ ပတ်လုံး၊ ဘုရားသခင် သည် အကြံ ထမြောက်ရသောအခွင့်ကိုပေးတော်မူ၏။
ပညတ် တရားတော်သည် အကျွန်ုပ် ၏ ရန်သူ တို့ ထက် ၊ အကျွန်ုပ် ကိုသာ၍ ပညာရှိစေပါ၏။ ပညတ် တရား တော်သည် အကျွန်ုပ် ၌ အစဉ် တည်ပါ၏။
ရှေ့ တော်၌ ကောင်း သောသူ အား ဉာဏ် ပညာ၊ သိပ္ပံ အတတ်နှင့် ဝမ်းမြောက် ခြင်းအခွင့်ကိုပေး တော်မူ၏။ အပြစ် ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသောအခွင့်ကို၎င်း၊ ဘုရား သခင်၏ရှေ့ တော်၌ ကောင်း သောသူအား ပေး စရာဘို့ ၊ ဆည်ဖူး သိုထား ရသောအခွင့် ကို၎င်း ပေး တော်မူ၏။ ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်၏။
သင် သည် ဒံယေလ ထက် သာ၍ပညာရှိ ပါသည် တကား။ သင် မ သိရအောင် သူတပါးဝှက်ထား နိုင်သော အရာ တစုံတခု မျှမ ရှိ။
ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။
ထိုကြောင့်၊ အိပ်မက် အနက် ကို ငါ့ အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန် ပညာရှိ အပေါင်း တို့ကို အထံ တော်သို့ သွင်း စေဟု ငါအမိန့် တော်ရှိသည်အတိုင်း၊
သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံ တော်တွင် ရှိ ပါ၏။ ခမည်းတော် ဘုရားလက်ထက် တော်၌ ၊ ထိုသူတွင် ဘုရား ပညာ နှင့် တူသော ပညာ ဉာဏ် သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော် ဘုရား နေဗုခဒ်နေဇာ မင်းကြီး သည် မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာ အုပ်အရာ၌ ခန့် ထားတော်မူ ၏။
သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။
¶ ဗေလရှာဇာ မင်းကြီး နန်းစံ သုံး နှစ် တွင် ၊ ငါ ဒံယေလ သည် ယခင် ဗျာဒိတ်တော်ကို မြင် ပြီးသည်နောက် ၊ တဖန် ဗျာဒိတ် ရူပါရုံကို မြင် ရသောအကြောင်းအရာဟူမူကား၊
အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။
အလုံးစုံ သော ဒုက္ခ ဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တု ပြည်ကို အစိုးရ သော ဖာရော ဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာ အတတ် ကိုပေး တော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တု နိုင်ငံအုပ် အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ် ကိုခန့်ထား လေ၏။
ကောင်းသောအကျိုး အလိုငှာ သာ ဝိညာဉ် တော်ကို လူ အသီးအသီးတို့အား ထင်ရှား စွာ ပေး တော်မူလျက် ရှိ၏။
သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။