TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 1:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သို့သော်လည်း ထာဝရဘုရား သည် သူ့ ဘက် ၌ ရှိ၍ ကယ်မသနား တော်မူသဖြင့် ၊ ထောင် မှူး ထံ မျက်နှာ ရစေ တော်မူ၏။

ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသော ၊ ရှင်ဘုရင် ရှေ့ ၊ အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။

ထာဝရဘုရား သည် မိမိ သန့်ရှင်း သူကို ရွေး ထား တော်မူသည်ကို သိ မှတ်ကြလော့။ ငါ ခေါ် ၍ လျှောက် သောအခါ ၊ ထာဝရဘုရား သည် နားထောင် တော်မူလိမ့် မည်။

လူ ကျင့် သောအကျင့်တို့ကို ထာဝရဘုရား သည် နှစ်သက် သောအခါ ၊ ထိုသူ ၏ရန်သူ ကိုပင် သူ နှင့် သင့်တင့် စေတော်မူ၏။