TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယုဒ အမျိုးသား တို့၏ အကြံ ကိုဖျက်ဆီး ခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု လက်ထက် ကာလပတ်လုံး မှသည်၊ ပေရသိ ရှင်ဘုရင် ဒါရိ လက်ထက် တိုင်အောင် ၊ ရှေ့နေ တို့ကို ငှါး၍ထားကြ၏။

ထိုသူကလည်း၊ ငါသည် သင် ရှိရာသို့ လာ ရသော အကြောင်းကို နားလည် သလော။ ပေရသိ မင်း ကို စစ်တိုက် အံ့သောငှါ ယခု ငါပြန် သွားရမည်။ ငါ သွား ပြီး သည်နောက်၊ တဖန် ဟေလသ မင်း သည် ပေါ်လာ လိမ့်မည်။

¶ ယဇ် ပုရောဟိတ်မင်း ယောရှု သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ရှေ့ ၌ ရပ် နေသည်ကို၎င်း၊ စာတန် သည် ရန်ဘက် ပြု၍ သူ ၏လက်ျာ ဘက်၌ ရပ် နေသည် ကို၎င်းငါ့ အားပြ တော်မူ၏။

အထွဋ်အမြတ် အာဏာစက် ရှိသမျှ ကို အုပ်စိုး တော်မူသော ထိုသခင် ၌ သင်တို့သည် စုံလင် ခြင်းရှိ ကြ၏။။

ထိုသခင် သည် ကောင်းကင် ဘုံသို့ ကြွ တော်မူသည်ဖြစ်၍၊ ကောင်းကင်တမန် အစ ရှိသော အာဏာစက် တန်ခိုး များတို့ကို အုပ်စိုး လျက်၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ရှိ တော်မူ၏။

ကောင်းကင် ၌ စစ် ဖြစ် ၏။ မိက္ခေလ နှင့် သူ ၏ ကောင်းကင်တမန် တို့သည် နဂါး ကို စစ်တိုက် ကြ၏။ နဂါး နှင့် သူ ၏တမန် တို့သည် စစ်တိုက် ၍ မ နိုင် ကြ။ ကောင်းကင် ၌ လည်း သူ တို့နေစရာ မ ရှိ ။