TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:19

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အား ယူ၍ ရဲရင့် ခြင်းရှိလော့။ ဘိုးဘေး တို့အား ပေး မည်ဟု ငါကျိန်ဆို သောပြည် ကို သင်သည် ဤ လူ တို့ အားဝေ၍ အမွေ ပေးရမည်။

ထာဝရဘုရား က၊ ချမ်းသာ ပါစေ။ မ စိုးရိမ် နှင့်။ သင်သည် သေ ဘေးနှင့် လွတ် လျက်ရှိသည်ဟု မိန့် တော်မူ၏။

အကျွန်ုပ်အော်ဟစ် သောနေ့ တွင် နားထောင် တော်မူ၍ ၊ စိတ် ဝိညာဉ်ထဲသို့ ခွန်အား ကို သွင်းသဖြင့်၊ အကျွန်ုပ် ကို ခိုင်မာ စေတော်မူ၏။

မ စိုးရိမ် နှင့်။ ငါ သည် သင့် ဘက် မှာ ရှိ၏။ မကြောက်နှင့်။ သင် ၏ဘုရား သခင်ငါ သည် သင့် ကို ခိုင်ခံ့ စေမည်။ သင့် ကို စောင့်မ မည်။ ငါ့ သစ္စာ လက်ျာ လက်ဖြင့် ထောက် ပင့်မည်။

သူကလည်း၊ အလွန် ချစ်အပ်သောသူ၊ ဒံယေလ ၊ ငါ့စကား ကို နားလည် အံ့သောငှါမတ်တတ် နေလော့။ သင် ရှိရာသို့ ငါ့ကိုစေလွှတ် တော်မူ၍ ယခု ငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ် မတ်တတ် နေ၏။

သို့သော်လည်း ၊ အိုဇေရုဗဗေလ ၊ အား ယူလော့ ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ အို ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု ၊ အား ယူလော့။ အိုပြည် သူ ပြည် သားအပေါင်း တို့၊ အား ယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။

အိုယုဒ အမျိုး နှင့် ဣသရေလ အမျိုး တို့၊ သင်တို့သည် တပါး အမျိုးတို့တွင် ကျိန်ဆဲ ရာဖြစ် ဘူးသကဲ့သို့ ၊ ကောင်းကြီး ခံရာဖြစ် စေခြင်းငှါငါကယ်တင် မည်။ မ စိုးရိမ် ဘဲ လက် အားကြီး ကြလော့။

ညီအစ်မ တို့သည် အထံ တော်သို့ စေလွှတ် ၍ ၊ သခင် ၊ ကိုယ်တော်ချစ် တော်မူသောသူ သည် နာ လျက် နေပါသည်ဟုလျှောက် ကြ၏။

ခမည်းတော် သည် ငါ့ ကိုချစ် တော်မူသကဲ့သို့ ငါ သည်သင် တို့ကိုချစ် ၏။ ငါ ၏ချစ် ခြင်းမေတ္တာ၌ တည်နေ ကြလော့။

ထိုအခါမယ်တော် နှင့် ချစ် တော်မူသောတပည့် တော်သည် အနားမှာရပ် နေသည်ကို ယေရှု သည် မြင် တော်မူလျှင်၊ မယ်တော် အား၊ အချင်းမိန်းမ ၊ သင် ၏သား ကို ကြည့် ပါ ဟူ၍၎င်း ၊

သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည် ခြင်း၌ တည် ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွခွန်အား စုံလင်လျက်နေကြလော့။

ကြွင်း သေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင် ဘုရားအားဖြင့် ၎င်း ၊ တန်ခိုး တော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ ခြင်းရှိကြလော့။

ထိုသူ ကိုငါမြင် သောအခါ ၊ သေ မတတ်ဖြစ်၍ခြေ တော်ရင်း၌ လဲ လျက်နေ၏။ ထိုသူ သည်လက်ျာ လက်တော်ကို ငါ့ အပေါ်သို့ တင် လျက် ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ ငါ သည်အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ် ၏။