အကြောင်းမူကား ၊ ငါ မ ရှိသည်နောက် ၊ ကြမ်းတမ်း သော တောခွေး တို့သည် သိုး များကို မ သနား ဘဲ သင် တို့အထဲ သို့ဝင် မည်ကို၎င်း၊
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 11:34
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။
¶ ဝိညာဉ် တော်သည် အတည့်အလင်း ဗျာဒိတ် ထားတော်မူသည်ကား ၊ နောင် ကာလ ၌ ဩတ္တပ္ပ စိတ်တွင် သံ ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာ စကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက် ခြင်းအားဖြင့် ၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့်ပယ် ၍
အကြောင်းမူကား ၊ နောင် ကာလ ၌လူ တို့သည် စင်ကြယ် သော ဩဝါဒ ကိုနား မ ခံနိုင်ဘဲ၊ ယား တတ်သော နား ရှိလျှင်၊ မိမိ တပ်မက် ခြင်းအတိုင်း များပြား သော ဆရာ တို့နောက်သို့ လိုက်ကြလိမ့်မည်။
¶ သို့သော်လည်း ၊ ယုဒလူ တို့တွင် မိစ္ဆာ ပရောဖက် ရှိ ကြ၏။ ထိုနည်းတူ ဖျက်ဆီး တတ်သော မိစ္ဆာ ဒိဋ္ဌိ အယူများကို ပရိယာယ် အားဖြင့်သွင်း၍၊ မိမိ တို့ကို ဝယ် တော်မူသောအရှင် ကိုငြင်းပယ် လျက်၊ မိမိ အပေါ်သို့လျင် စွာသောဖျက်ဆီး ခြင်းကို ရောက် စေသော မိစ္ဆာ ဆရာတို့သည် သင် တို့တွင် ရှိ ကြလိမ့်မည်။
ချစ်သား တို့၊ ယခုကာလ သည် နောက်ဆုံး သောကာလဖြစ် ၏။ ခရစ်တော်၏ ရန်သူတည်းဟူသောအန္တိခရစ် ပေါ်လာ ကြောင်း ကို သင်တို့ကြား ရသည်အတိုင်း ၊ ယခုပင် အန္တိခရစ် အများ ရှိ ကြ၏။ ထိုကြောင့် ၊ ယခု ကာလသည်နောက်ဆုံး သောကာလ ဖြစ် သည်ကိုသိ ရ၏။
ထိုသူ တို့သည် လောက နှင့်စပ်ဆိုင် သောကြောင့် ၊ လောကီ အကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသား တို့သည်လည်း သူတို့စကား ကို နားထောင် တတ်ကြ၏။
အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့ဘုရားသခင် ၏ ကျေးဇူး တော်ကို ကိလေသာ ၏ ညစ်ညူး ခြင်းအလိုငှာမှောက်လှန် လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင် ၊ ငါ တို့သခင် ယေရှု ခရစ် ကို ငြင်းပယ် လျက်၊ အပြစ် ခံစေခြင်းငှာ ရှေး ကစီရင် မှတ်သားနှင့်သောအဓမ္မလူ အချို့ တို့သည် ပရိယာယ် နှင့် အမှတ်တမဲ့ဝင်ကြပြီ။
ထိုမိန်းမသည်ကိုယ်ဝန်ဆောင် ၍ ဘွား အံ့သော ဝေဒနာ ပြင်း သောကြောင့် အော်ဟစ် လေ၏။
သူတစ်ပါး ကို ဘမ်းဆီး ယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီး ယူသွားခြင်းကို ခံရ လိမ့်မည်။ ဓါး ဖြင့် သတ် တတ်သော သူ သည်လည်း ကိုယ်တိုင် ဓါး ဖြင့် သေ ရမည်။ ဤ အရာ၌ သန့်ရှင်း သူ တို့လည်း သည်းခံ စရာ အကြောင်း၊ ယုံကြည် စရာအကြောင်းရှိ ၏။