အကြောင်းမူကား ၊ ထို အသီးကိုစား သောနေ့ ၌ သင်တို့ သည် မျက်စိ ပွင့် လင်းလျက် ကောင်း မကောင်း ကို သိ ၍ ၊ ဘုရား သခင်ကဲ့သို့ ဖြစ် ကြ လတံ့သည်ကို၊ ဘုရား သခင်သိ တော်မူသည်ဟု မိန်းမ အားဆို ၏။
TSK
TSK · ဒံယေလအနာဂတ္တိကျမ်း။ 11:37
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကိုယ် နှင့်စပ်ဆိုင် သောသူ ၏မယား ကို တပ်မက် သောစိတ် မ ရှိစေနှင့်။ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏အိမ် ၊ လယ်ယာ ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏ ဥစ္စာ တစုံ တခုမျှ တပ်မက် လိုချင်သောစိတ် မ ရှိစေနှင့်ဟု မိန့်တော်မူ၏။
ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ့ အလို သို့လည်း လိုက်တော်မူတတ်၏။
မိုဃ်းတိမ် ထိပ် ပေါ် သို့ ငါတက် မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ငါနေ မည်ဟုစိတ် အကြံရှိ လေပြီ။
အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊
မင်္ဂလာဆောင် ခြင်းအမှုကို မ ပြုရဟူ၍၎င်း၊ ယုံကြည် ၍ သမ္မာတရား ကို သိ သောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော အစာ မျိုးကိုရှောင် ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။